သိထားသင့်တဲ့ ငွေကြေးဈေးကွက် အခြေခံအခေါ်အဝေါ်များ အပိုင်း ( ၂ )
Long
Long လုပ်တယ်ဆိုတာ ကိုယ်ကြိုက်နှစ်သက်ရာ currency အတွဲတစ်တွဲရှိ base currency ငွေကြေးအတွဲရဲ့ ရှေ့မှာရှိနေတဲ့ ငွေကြေးဈေးတတ်မယ် ထင်လို့ အဝယ်ဖွင့်တာကို long လုပ်တယ်လို့ခေါ်တယ်။
Short
Short လုပ်တယ်ဆိုတာက long လုပ်တာနဲ့ ပြောင်းပြန်သဘော သက်ရောက်ပါတယ်။ ငွေကြေးအတွဲတွေ ထဲမှ ငွေကြေးတစ်တွဲရဲ့အရှေ့မှာရှိတဲ့ base currency အတွဲတစ်တွဲကို ဈေးကျမယ်ထင်လို့ အရောင်းအရင်ဖွင့်တာကို short လုပ်တယ်လို့ ခေါ်ပါတယ်။
Bull market
ဈေးနှုန်းတရိပ်ရိပ်တတ်နေတာ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အချိန်ကာလ အပိုင်းအခြားအတွင်းမှာ ဈေးအတတ်ကြီးပဲ သော်လည်ကောင်း တက်လိုက်ကျလိုက်သော် လည်ကောင်း ရှိနေပေမယ့် အတက်နဲ့အကျတွင် အတက်ကအားသာနေပြီး သတ်မှတ်ထားတဲ့ အချိန်interval အပိုင်းအခြားအတွင်းမှာ ခြုံပြီးပြောလျှင် ဈေးတတ်နေတဲ့ အနေအထားမျိုးကို ခေါ်ပါတယ်။ လွယ်လွယ်ပြောရင် ဈေးအတတ် marketပါ။
Bear market
Bear market က bull marketနဲ့ ပြောင်းပြန်ပါ။ ဒီ financial market ထဲမှာ ဈေးအတတ် အကျကို Bull နဲ့ Bear ပဲသုံးနှုန်းခေါ်ဝေါ်ကျပါတယ်။ ဈေးတတ်နေရင် bull ဆိုတာနွားသိုး ဂျိုနဲ့ခွေ့ရင် အပေါ်ကို ခွေ့တင်ပါတယ်။ ဒါကြောင့် ဈေးအတတ်marketကို ကိုယ်စားပြုပြီး Bear ကတော့ဝက်ဝံပါ။ ကုတ်ရင် အပေါ်ကနေ အောက်ကို အုတ်ပြီး ကုတ်ခြစ်ပစ်တာ ကုတ်ချပစ်တာကို ကိုယ်စားပြုပြီး ဈေးအကျကိုဆိုလိုပါတယ်။
Transaction
ဒီနေရာမှာ အရောင်းအဝယ်ဖွင့်ထားတဲ့ deal ကိုဆိုလိုပါတယ်။ ကိုယ်နှစ်သက်ရာ currecy အတွဲကို ရွေးချယ်ပြီး base currency ဈေးတက်မယ် ခန့်မှန်းထားရင် longလုပ်ထားပါမယ်။ တနည်း အဝယ်ဖွင့်ထားပါမယ်။ အဲဒိဖွင့်ထားတဲ့ ကိုယ့်ဖွင့်ပြီး မပိတ်ရသေးတဲ့ dealလုပ်ထားတဲ့ ငွေကြေးအသွားအလာကို transaction လို့ခေါ်ပါတယ်။ ကိုယ်ဈေးတတ်မယ်ခန့်မှန်းပြီး longလုပ်ထားရင် သူ့ transactionလေး ပေါ်နေမယ်။ ဖွင့်ပြီးလို့ ပြန်ပိတ်လိုက်ရင် ပျောက်သွားတာပေါ့။ မြတ်နေရင် မြတ်သလောက်ငွေပမာဏ အဲဒိ transaction မှာပေါ်နေပြီး ရှုံးရင်လည်း ရှုံးသလောက် ပေါ်နေမှာပါ။
Margin
အရှင်းဆုံးနဲ့ အလွယ်ဆုံး ပြောရရင် ကျွန်တော်တို့ ဒီtransactionတွေကို ဖွင့်တော့မယ်ဆိုရင် အရင်ပြောခဲ့တဲ့ ဈေးလှုပ်တဲ့အခါ 1pipကို ဘယ်လောက်ပမာဏနဲ့ အရှုံးအမြတ်ဖြစ်စေမလဲဆိုတာ dealလုပ်ထားတဲ့ သဘောပါ။ ပုံမှန်အားဖြင့် margin မှာ 1lotကို USD1000ပါ။ ကိုယ် minimum ဘယ်လောက်နဲ့ စပြီးဖွက့်ချင်လဲ 0.1 lotလား 0.01lotလားပေါ့။ standars lotကတော့ 1lot USD1000ပေါ့။ (ဒီနေရာမှာ leverageကို ထည့်မပြောသေးပါ။) 0.1 ဆိုဒါ minilotပေါ့။ companyတွေပေါ် မူတည်ပြီး minimum lot sizeကတော့ ကွာခြားနိင်ပါတယ်။ maximum ကတော့ ကိုယ်တတ်နိင်ရင် နိင်သလောက်ပေါ့။ 10 lotလည်းရတယ် 100လည်းရနိုင်ပါတယ်။ maximum ကတော့ အကန့်အသတ်နည်းပါတယ်။
Laverage
Laverageကတေျာ့ငွကြေးအလှုပ်အခတ် များအောင် ဆ ထည့်ထားတာပါ။ အရှုံး အမြတ်ကို ပိုများအောင် လုပ်ထားတာပါ။ pipရဲ့တန်ဖိုးကို များစေတာပါ။ ခုနက 1lotကို margin1000$ ဆိုရင် leverage 100:1ဖြစ်ရင် 1lot standard sizeက 100,000 ဖြစ်သွားပြီး mini အတွက်ဆိုရင် 10000ဖြစ်သွားမှာပါ။ pipရဲ့တန်ဖိုးကို standard lotအတွက် 100000နဲ့မြှောက်မှာပါ။
Margin call
Margin call ဆိုတာ forex traderတစ်ယောက်ဟာ သူ့ဖွင့်ထားတဲ့ transaction များကိုထိန်းသိမ်းထားဖို့ ရှိရမယ့် ကုမ္ပဏီသတ်မှတ်(company တခုနဲ့တခုတော့မတူပါ) ငွေကြေးပမာဏအောက် လျော့နည်းလာပြီဆိုရင် ဖွင့်ထားတဲ့ transactionများ ကိုပိတ်ဖို့ သို့မဟုတ် ငွေထပ်ဖြည့်ဖို့ သတိပေးတာကို ပြောတာပါ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
0 comments:
Post a Comment