Pro trader တစ်ယောက်လို stop loss ဘယ်လိုထားမလဲ။ နောက်ဆက်တွဲ
ဒီတစ်ခါလည်း stop loss အကြောင်းလေး နည်းနည်းထပ်ပြောကြရအောင်။ တကယ်တော့ stop loss နဲ့ ပတ်သတ်ရင် သေချာပြီးတိကျတဲ့ အဖြေဆိုတာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ logically tradeတဲ့ အခါ ထားလို့ရတဲ့ stop loss နည်းတွေ အများကြီးတော့ရှိပါတယ်။ အရင်တစ်ခါက ပြောသလို strategy တွေပေါ် မူတည်ပြီးတော့လည်း ကွာသေးသလိုပါပဲ။ အများကြီးတော့ ရှိပါတယ်။ အဲဒိထဲက logic ကျတာလေးတွေ သိသင့်တာလေး တွေကို အကျဉ်းချုပ်ပြီး ထပ်ပြောရအောင်။ strategy အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိရင်တော့ stop loss ကို ပုံသေမထားတာ ကောင်းပါတယ်။ ပြီးတော့ နည်းနည်း ထပ်ဖြည့်ပြောစရာလေး ရှိသေးတယ်။ အသေမထားရဘူးဆိုလို့ အရမ်းနီးနီးလေးထားရမလား သိုမဟုတ် မထိအောင် အဝေးကြီး ထားရမလားဆိုတော့ လည်း မဟုတ်ပြန်ဘူးနော်။ အရင်တစ်ခါပြောသလို key resistance and support မှာထားရင်ထားပေါ့။ ပြောချင်တာက optimal level မှာ ထားသင့်တာကိုဆိုလိုတာပါ။ optimal level ဆိုတာ သင့်တော်တဲ့နေရာမှာပေါ့။ ဘယ်လိုမျိုးကစ သင့်တော်တာလဲဆိုရင် ကိုမှီငြမ်းတဲ့ အကြောင်းအရာရဲ့ optimal ပေါ့။ ဒါဆို key resistance and support ဆိုရင်ရော။ ဈေးတစ်ခုဟာ range တစ်ခုထဲမှာ ရှိနေတဲ့အချိန်မှာ အမြင့်ဆုံးလက်ခံနိင်တဲ့ အနိမ့်ဆုံးလက်ခံနိင်တဲ့ဈေးဆိုတာရှိတယ်။ အဲဒိဈေးတွေကို လက်ခံထားတဲ့ buyer seller တွေရဲ့ စိတ်အခြေအနေသည် အမြဲတမ်းတသမတ်ထဲ ရှိမနေပါဘူး။ ပြောင်းလဲမှုက ရှိနေမှာပဲ။ ပြောင်းလဲမှုကို ဖြစ်စေနိင်တဲ့ အကြောင်းတရားကလည်း ရှိမှာပဲ။ ဈေးက အဲဒိ အမြင့်ဆုံးကနေ အနိမ့်ဆုံး ဝန်းကျင်ကြားမှာပဲ အခေါက်ခေါက်အခါခါ သွားနေနိင်ပါတယ်။ ကာလ အပိုင်းအခြားတစ်ခုမှာပေါ့။ သွားရင်းနဲ့ ဈေးတတ်ဖို့ အကြောင်းဖန်လာရင် ခုန resistance ကိုဖောက်ပြီး နောက်တစ်ဆင့် ထပ်တက်သွားတာပေါ့။ အဲဒိအခါ မူလ resistance သည် support အသွင်ပြောင်းသွားပြီး cheap level ပုံစံအဖြစ် လူတွေရဲ့ mind ထဲ ဝင်ပြီး ဈေးပြန်တတ်သွားပြန်ပါရော။ အရင်က ဒီဈေးသည် ဈေးကြီးတယ် ထင်ပေမယ့် အခု အဲလိုမထင်တော့ဘူးပေါ့။ အမြဲတမ်းပြောင်းလဲ နေမှာပါပဲ။ key level ဆိုတာက ဈေးက ဒီနေရာတွေရောက်ရင် turning point ပုံစံ အဖြစ်လူတွေရဲ့ mind ထဲမှာ ရှိနေပြီးတော့ လက်ခံ ယုံကြည် လတ်တလော resistance and supprt အဖြစ်သုံးလို့ ရနေသေးတဲ့ level တွေပေါ့။ အဲဒိတော့ အခြေခံအားဖြင့် ဒီ level တွေကို ကောင်းကောင်းအသုံးချ လို့ရတယ်။ ဒီတစ်မျိုးကိုပဲ အသုံးပြုမယ်ဆိုရင်တောင် trend ပေါ်မူတည်ပြီး stop loss လည်း ဖြစ်နိင်သလို take profits လည်း ဖြစ်နိင်ပါတယ်။ market entry လည်း ဖြစ်သလို market exit လည်းဖြစ်ပါတယ်။ trending market ရဲ့ true rule ဖြစ်သလို ranging market အတွက် rule တစ်ခုလည်း ဖြစ်ပါတယ်။ အရင်ဆုံး trade တော့မယ်ဆိုရင် အရေးကြီးဆုံး မမေ့ရမှာက lot size မသတ်မှတ်ခင် stop loss ကို အရင်သတ်မှတ်ရမယ်။ lot size ထက်ကို stop loss သတ်မှတ်ရမှာက အရင်လာရပါမယ်။ logic ကျဖို့အတွက် stop loss သည် အရမ်းကပ်အောင်လည်း ထားရမှာ မဟုတ်သလို အရမ်းဝေးအောင်လည်း ထားရမှာ မဟုတ်ပါ။ emotion နည်းပြီး logic ဖြစ်အောင် market ကပြောတဲ့ နေရာမှာ ထားတာ အကောင်းဆုံးပါပဲ။ ဒါက ဥပမာတစ်ခုပါ။ ကျွန်တော်ပြောတာလေးတွေကို round up လုပ်ရင် trade တဲ့ အခါ emotion မပါအောင် stop loss လုပ်ရမယ်။ ပြီးရင် lot size တွေကို အရင်မစဉ်းစားခင် ဒီထက်အရေးကြီးတဲ့ stop loss ဘယ်မှာထားမလဲ စဉ်းစားရမယ်။ နောက်တစ်ချက်က stop loss ကိုအသေမထား ရဘူး။ strategy ပေါ်မူတည်ပြီး adjust လုပ်တတ်ရမယ်။ နောက်ဆုံးတစ်ချက်က stop loss ထားတဲ့နေရာသည် logic ဖြစ်ရမယ်ဆိုတာပါပဲ။ နောက်ပိုင်း တစ်ခုချင်းဆီ အသေးစိတ် ထပ်ပြောပေးပါမယ်။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
www.myanmarwiforex.blogspot.com
0 comments:
Post a Comment