Follow

သိထားသင့်တဲ့ ငွေကြေးဈေးကွက် အခြေခံ အခေါ်အဝေါ်များ အပိုင်း (၁)



နိုင်ငံခြားငွေကြေးဈေးကွက် forex marketမှာလည်း သူ့စကားလုံးတွေက သူ့အဓိပ္ပာယ်နဲ့သူ ရှိပါတယ်။ forex အကြောင်းလေ့လာရင် ဒါတွေနဲ့ အကျွမ်းတဝင် ရှိထားရပါမယ်။ အခြေခံပါ။ forex tradingဆိုတာ ခရီးရှည်တစ်ခုလိုပဲ ဘဝတစ်လျောက် လုပ်ရင်းကိုင်ရင်းလေ့လာသင်ယူရင်းနဲ့ ခရီးဆက်ကြရတာပါ။ သိသင့်သိထိုက်တာတွေလည်း အများကြီးပါ။ ဒီတော့ ကျွန်တော်တို့ အခေါ်အဝေါ်လေးတွေနဲ့ အရင်စလိုက်ကြရအောင်ပါ။
အခြေခံ forex trading အခေါ်အဝေါ်များ
Exchange rate
Exchange rateဆိုတာ မြန်မာလိုတော့ ငွေလဲနှုန်းပေါ့။ ငွေကြေးတစ်ခုဟာ တခြားငွေကြေးတစ်ခုအဖြစ်သို့ လဲယူမယ်ဆိုရင် ရှိရမယ့်ကာလ သူ့တန်ဖိုးပါ။ ဥပမာ EUR/USD = 1.1300, ဆိုရင် 1 euro ဟာ USDollar 1.1300 တန်ပါတယ်။
Cross rate
တကယ်တော့ Cross rateဆိုတာ အခြေခံကျကျ ပြောမယ်ဆိုရင် exchange rateပါပဲ။ အရေးကြီးတာက အဲဒိငွေကြေး currencies အတွဲမှာ official country currency မဖြစ်ရပါဘူး မပါရပါဘူး။ အမေရိကန် နိုင်ငံအနေနဲ့ပြောရင် USDollar မပါရပါဘူး။ ဥပမာ မတူတဲ့ ငွေကြေး currency ၂ခုပေါ့။ တခုက ယူရို တစ်ခုက စတာလင်ပေါင်။ အဲဒိ၂ခုကို အတွဲတွဲပေးလိုက်တော့ currency အတွဲတစ်တွဲဖြစ်လာတာပေါ့။ အဲဒိအတွဲဈေးနှုန်းကို US သတင်းစာမှာ ဖော်ပြရင် သူ့နိုင်ငံရဲ့ currency မပါပဲဖျောက်ပြီး တွဲထားရင် ဒါကို cross rate လို့ခေါ်ပါတယ်။ Global forex market မှာ trading လုပ်ရင် currencies တွေ US ငွေကြေးနဲ့တွဲပြီး GBP/USD, EUR/USD, USD/JPY စသဖြင့် ငွေကြေးအတွဲတွေကို အသုံးများပြီးတော့ GBP/JPY တို့လို cross တွေလည်း အသုံးများပါတယ်။
Pip
Pip ဆိုတာpoint in percentage ကို အတိုကောက်သူံးနှုန်းထားတာပါ။ တနည်းအားဖြင့် minimum fluctuation unit လို့လဲခေါ်ပါတယ်။ အနည်းဆုံး လှုပ်နိင်တဲ့ ပမာဏကို ပြောတာပါ။ ဥပမာ EURUSD = 1.1300ဆိုရင် သူအနည်းဆုံးဈေး အတက်အကျစလှုပ်ခတ်ရင် 1.1301 သို့မဟုတ် 1.1299 ဖြစ်မှာပါ။ နောက်ဆုံးအလုံး ဒသမ ၄နေရာကနေ ယူပါတယ်။ သို့သော် EURJPYတို့လိုမျိုး ဒသမ၂လုံးပဲ ပါတယ်ဆိုလည်း ထိုအတွဲအတွက် အနည်းဆုံးလှုပ်မဲ့တန်ဖိုးသည် 0.01 ဖြစ်မှာပါ။ ဒသမအနောက် ၄လုံးပါတဲ့ အတွဲဆိုရင်တော့ 0.0001ဖြစ်သွားမှာပါ။
Pair quote in currency
currency တွေဟာ အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် တစ်ခုတည်းရှိလို့မရပါဘူး။ အတွဲလိုက်ရှိရမှာပါ။
Base currency
ထို currencies အတွဲတွေထဲမှာ slash ရဲ့ဘယ်ဘက် တနည်းအားဖြင့် ထိုအတွဲရဲ့အရှေ့မှာရှိတဲ့ curreny ကို base currency လို့ခေါ်ပါတယ်။
Quote curreny
ထိုcurrencies အတွဲထဲမှာ slashရဲ့ညာဘက် တနည်းအားဖြင့် ထိုအတွဲရဲ့ အနောက်မှာရှိတဲ့ curreny ကိုတော့ counter or quote currency လို့ခေါ်ပါ တယ်။
ဥပမာ EURUSD = 1.2325ဆိုရင်
EURသည် base currency ပါ။ USD သည် quote currencyပါ။ 1EUR ကို 1.2325 dollar တန်တယ်လို့ ပြောတာပါ။
Bid Price
Bid priceဆိုတာ marketက သို့မဟုတ် broker ကုမ္ပဏီက currenyတွေကို သူတို့ဝယ်ဈေးအဖြစ် သတ်မှတ်ထားတဲ့ ဈေးနှုန်းပါ။ market ကဝယ်မယ့်ဈေးပါ။
Ask Price
Ask price ကတော့bid priceနဲ့ ပြောင်းပြန်ပါ။ သူတို့ဘက်ခြမ်းကနေပြီး ပြန်ရောင်းမယ့်ဈေးပါ။ တနည်းအားဖြင့် ကိုယ်ကပြန်ဝယ်ရမယ့်ဈေးပါ။ ask လို့လည်းရေးတယ်။ offerလို့လည်း ရေးပါတယ်။
Spread
သူတို့ဝယ်မယ့်ဈေးနဲ့ ပြန်ရောင်းမယ့်ဈေးဟာ မတူညီပါဘူး။ တူနေရင် သူတို့ဘယ်မြတ်တော့မလဲ။ သေချာတာတော့ ဝယ်မယ့်ဈေးဟာ နည်းပြီးပြန်ရောင်းမယ့်ဈေးဟာ များမှာပါ။
ဒီလို ဝယ်ဈေးရောင်းဈေး ကွာဟာချက် ခြားနားချက်ကို spread လို့ခေါ်ပါတယ်။ EUR/USD = 1.2325/29 လို့ရေးထားရင် bid ဈေးနဲ့ askဈေးမှာ 0.0004 ကွာပါတယ်။ ထိုကွာခြားချက်ဟာ spreadပါ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.