Wave Analysis Part5
ပြီးခဲ့တဲ့အခေါက်က trendဖြစ်တဲ့ Impulse wave အကြောင်းကို psychologically ပြောပြီးတော့ အခု ruleလေးတွေအကြောင်း ဆက်ပြောကြရအောင်။ wave analysisကို pattern မျိုးစုံနဲ့ သင်တဲ့ Elliott wava Academy ဆိုပြီး patternတွေကို မျိုးစုံအောင်ကို သင်တာတွေရှိပါတယ်။ simple pattern ပုံစံမျိုးစုံ complex pattern တွေလည်း မျိုးစုံ သင်ကြတာပေါ့။ Key pointကတော့မလွဲပါဘူး။ အဲဒါလေးတွေ ဖမ်းတတ်ဖို့ပါ။ ဒါလေးတွေ သိထားရင် နောက်အတွေ့ကြုံတွေ များလာတဲ့အခါ ပိုပြီးသဘောပေါက်လာမှာပါ။ pattern တွေကလည်း အရေးကြီးသလားဆိုတော့ အရေးကြီးပါတယ်။ trendတစ်ခု စတော့မလား သို့မဟုတ် ဆုံးတော့မလား ဆိုတာတွေကို သုံးသပ်တဲ့အခါ ထည့်စဉ်းကြတာပေါ့။ ဘာပြောပြော technical လေ့လာမယ်ဆိုရင်တော့ ဒါလေးတွေလည်း သိထားသင့်တာပေါ့။ အရင်ပြောသလို ကိုယ်ပိုင်နိင်တဲ့ strategyတွေနဲ့ money making လုပ်။ ပြီးလို့ကျွမ်းကျင်သွားရင် နောက်အသစ်လေးတွေပါ ထပ်လေ့လာ။ လေ့လာလို့တော့ မမှားပါဘူးဗျာ။ pattern တွေလည်း လေ့လာထားဖို့ လိုအပ်တာပါပဲ။ ရေးချင်တာတွေ ကတော့အများကြီးပါ။ တအားရှည်လည်းပျင်းမှာစိုးလို့။ pattern တစ်ခုတည်းတော့မဟုတ်ပါဘူး။ အခြား dimensionတွေလည်း အများကြီးရှိသေးတယ်။ price တွေ ပြီးရင် momentum ပြီးတော့ time factorsတွေကိုပါ ထည့်စဉ်းစားရပါတယ်။ ဒါမှ ပြည့်စုံ လုံလောက်တာပါ။ ဘယ်အရာကိုပြောပြောပါ logic တော့ ဘယ်တော့မှ မလွတ်ဖို့ အရေးကြီးပါတယ်။ အခု trend 5wavesရဲ့ key pointsလေးတွေအကြောင်း ဆက်ပြောရအောင်ပါ။ နံပါတ်၁ က wave2ကိစ္စပါ။ wave 1က trendအနေနဲ့သွားပြီး wave2က correction အနေနဲ့သွားပါတယ်။ ဒီလို correction အနေနဲ့ သွားတဲ့အခါ wave2သည် wave 1 ရဲ့မူလနေရာကို ကျော်လွန်ပြီးရောက်မလာရပါဘူး။ ပြောချင်တာက trendအနေနဲ့သွားထားတာတွေကို retraceပြန်လုပ်တဲ့ အခါ တဖန်မူလနေရာကို ကျော်လွန်၍သော်လည်ကောင်း မဖြစ်ရပါ။ correction မလုပ်ရပါဘူး။ နံပါတ်၂ wave3သည် wave1 wave3 နဲ့ wave5မှာ အတိုဆုံး မဖြစ်ရပါဘူး။ ဒါဆို wave1 wave2ပဲရှိသေးပြီး wave5မပေါ်သေးရင်ရော ဘယ်လိုစဉ်းစားမလဲ။ ရှိတာနဲ့ပဲ အရင်စဉ်းစားပေါ့။ wave1 နဲ့ wave3ပဲရှိသေးရင်လည်း ပုံမှန်အားဖြင့် wave3သည် wave1ထက်မတိုတတ်ပါဘူး။ ချွင်းချက်တော့ရှိတယ်။ wave1 extension ဖြစ်ရင်တော့ ပိုရှည်နိင်ပါတယ်။ ဒါကြောင့် အမြဲပြောသလိုပါပဲ လှေနံဓားထစ်မရှိပါ။ ပုံမှန်သဘော trendတစ်ခု အရင်စဉ်းစားရင် အစဦးဆုံး trendတစ်ခုစတည်တာ ထက်တော့ wave3သည် ရှည်ရမှာပေါ့။ ဒါကို wave1 extension ဖြစ်ပြီး wave3တိုနေပြီ ဆိုရင်တော့ များသောအားဖြင့် ဒီtrendသည် အပေါ်ဘက်ကို အားလျော့လာနိင်ပါတယ်။ ဒါက extension မှာပေါ့။ extension မှာမဟုတ်ဘူးဆိုရင်တော့ trianlge တို့လို asccending တို့ descendingတို့နဲ့ သွားဆက်နိင်ပါတယ်။ ဒီနေရာမှာ အမြဲအခြား factorတွေ ကိုလဲ ထည့်စဉ်းစားဖို့ မမေ့ပါနဲ့။ သူ့အပေါ်ဘာတွေ သက်ရောက်မှာရှိနိင်သလဲ။ ဘာကြောင့် ဒီ patternပေါ်တာလဲ။ စသဖြင့် market psychologyရော newsတွေရောနဲ့ သွားချိတ်ရတာပေါ့။ ဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ extension ဝင်တယ်ဆိုတာ impulse waveထဲက waveတစ်ခုရှည်နေတာပေါ့။ ရှည်တာက တဖြောင့်တည်း မဟုတ်ဘဲ သူလည်း trendတစ်ခုလို သွားနေတာတွေရှိတယ်။ trend အကြီးကြီူထဲက trend အသေးလေးပေါ့။ ဥပမာ wave1 က extensionပေါ့။ သူက trendဖော်နေရင်းနဲ့ကို သူ့ရဲ့wave segament တစ်ခုတည်းမှာကို impulse5wavesထပ်ရှိနေတာပေါ့။ ဒီလိုဆို first wave extensionလိုမျိုး wave1 ရှည်ပြီဆိုတာနဲ့ ကျန်တဲ့ အခြားwaveတွေက တိုရမလားဆိုတော့ မဟုတ်ပါဘူး။ ၂ခုဖြစ်နိင်တယ်။ သူကရှည်နေတော့ wave3 ပြီးရင် wave5ဘက်ကို တိုတိုလာတာလည်းဖြစ်နိင်သလို wave1က ဒီလောက်ဆိုရင် ပုံမှန်သဘောအတိုင်း wave3 သူ့ထက်ရှည်ပြီး trend အကြီးကြီးနဲ့ အချိန်ကြာကြာလည်း ဖြစ်နိင်တာပါပဲ။ ဖြစ်နိင်စေတဲ့ အကြောင်းတရားကတော့ ရှိရမှာပေါ့။ ဆက်ရန်။
Thank Sir
ReplyDelete