သိထားရမယ့်Currecy Correlations for Traders& Investors
Forex traderတစ်ယောက်ဟာ marketထဲမှာ ရှင်သန် ရပ်တည်ဖို့အတွက် technicalနားလည်သင့်တယ်။ Fundamental တွေလည်းသိရမယ်။ ပြီးတော့ ကိုယ့်ပိုင်ဆိုင်မှုတွေကိုလဲ ကောင်းကောင်း manageလုပ်ပြီး riskကိုလည်းလျော့ချနိုင်ရပါမယ်။ အောင်မြင်တဲ့ trader တစ်ယောက်ဖြစ်ဖို့ Strategyတွေကြီးပဲ သိထားလို့မရပါဘူး။ timingလည်းသိရပါမယ်။ Traderတွေဟာ ကိုယ့်ရဲ့ riskတွေကို လျော့ချဖို့ ကိုယ့်tradeလို့ရတဲ့ (broker companyမှာ ရှိတဲ့ currencyအတွဲတွေရဲ့) နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုရှိနေတဲ့ currency correlations တွေဟာလဲ အောင်မြင်တဲ့ tradeတစ်ယောက်ဖြစ်ဖို့အတွက် အရေးပါအကြောင်းအရာတွေထဲက တစ်ခုပါ။ နိုင်ငံတကာက money fundsတွေဆိုလည်း သူတို့ရဲ့ riskတွေကို လျော့ဖို့ hedging လုပ်တဲ့နေရာမှာလည်း currency correlationsကအရေးပါပါတယ်။ Correlationဆိုတာ ဆက်စပ်မှုပါ။ ဒီfinancial marketထဲက ငွေကြေးအတွဲတစ်ခုနဲ့ တစ်ခုဖြစ်ဖြစ် stockတစ်ခုနဲ့တစ်ခုဖြစ်ဖြစ် ကြားမှာ ဖြစ်တည်နေတဲ့ ဆက်စပ်မှုသဘောတရားကို စာရင်းအင်းပုံစံနဲ့ မြင်အောင်ပြတာကို ဆိုလိုပါတယ်။ Currency correlationsဆိုရင် မည်သည့်currency အတွဲ၂တွဲဖြစ်ဖြစ် ၄င်းတို့သွားတဲ့ဈေးအတက်အကျက လားရာတစ်ဖက်တည်းကိုသွားနေသလား ဆန့်ကျင်ဖက်ကို သွားနေသလား ဒါမမဟုတ် ဘာမှဆက်စပ်မှုမရှိဘူးလား ဆိုတာကို သတ်မှတ်ကာလတစ်ခုအတွင်းမှာ ကြည့်တာကိုဆိုလိုတာပါ။ (ဒီနေရာ tradingလုပ်တော့မယ် ဆိုရင် currencyဟာတစ်ခုတည်း ရှိမနေရပ်မတည်ပါဘူး။ exchange counterမှာပိုက်ဆံသွားလဲရင်တောင် ဒါပဲရောင်းပြီ ဒါပဲဝယ်ခဲ့တာမှမဟုတ်တာ currecyတစ်ခုကို ဝယ်ပြီးတစ်ခုကို ရောင်းခဲ့တာမို့လို့ လဲတယ်ပြောတာပါ။ ဒါကြောင့်အတွဲလိုက်ပဲရှိမယ်။ တစ်ခုကိုရောင်းလိုက်တယ် ဆိုတာနဲ့ တစ်ခုကိုဝယ်တယ်ဆိုတာပြောစရာမလိုဘူး ခွဲခြားမရပါ) ဒီတော့ ငွေကြေးအတွဲ၂တွဲကို ယူပြီးတော့ ၄င်းအတွဲ၂တွဲဟာ အတူတကွ လားရာတစ်ခုထဲကိုသွားနေရင် positive correlation ဆန့်ကျင်ဘက်ကိုသွားနေရင် တော့ negative correlationပါ။ Correlationကို 100% အပြည့်ဆိုရင် positive correlationကို +1 negative correlationကို _1နဲ့ဖော်ပြပါတယ်။ correlationမရှိဘူးဆိုရင် 0ပါ။ 0ကနေ ထိုအတွဲ၂တွဲဟာ အပေါင်းဖက် သို့မဟုတ် အနှုတ်ဖက်ရွေ့လာရင် ဒီ၂ခုသည် correlationရှိတယ်ပြောလို့ရပါတယ်။ correlationဘယ်လောက်strongဖြစ်တယ်ဆိုတာတော့ plus 1 သို့မဟုတ် minus 1 နဲ့ဘယ်လောက်နီးလဲပေါ် မူတည်ပါတယ်။ 0.95ဆိုရင် 95%တိုက်ရိုက်အသွားအလာ ဆက်စပ်မှုရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီတော့ ကိုယ်က currecyအတွဲတွေကို tradeတဲ့အခါ တစ်ခုတည်းtrade တာမဟုတ်ပဲ အများကြီးရှိနေတော့ ကိုယ့်accထဲမှာ တပြိုင်တည်း ၂ခု၃ခုtradeထားမယ်ဆိုရင် correlationကို သိသင့်ပါတယ်။ ကိုယ်က correlationကိုနားလည်ပြီး tradeတာလား နားမလည်ပဲtradeတာလား ဆိုတဲ့အပေါ် မူတည်ပြီး ကိုယ့်acc riskများသွား နည်းသွားနိုင်ပါတယ်။ ကိုယ်က correlation အရမ်းအားကောင်းတဲ့အတွဲ ၂တွဲ ဥပမာ မြင်အောင် 100%မှာ 1lotဆီbuyထားတာသည် သူတို့၂ခုလုံးထဲက တစ်ခုကိုပဲယူပြီး 2lotနဲ့ buyထားတာနဲ့ riskချင်းအတူတူပါ။ correlationကို ကိုယ့်ဟာကိုexcel နဲ့တွက်လည်းရပါတယ်။ ကိုယ့်မှာ ကိုယ်သိချင်တဲ့ currencyအတွဲ၂တွဲရဲ့ historyတွေတော့ရှိရမှာပေါ့။ ကိုယ်ဘယ်လောကအချိန်အပိုင်းအခြား အတွင်းက correlationsကိုသိချင်လဲ။ အဲဒိ timeအထိ history တော့သိထားရမယ်။ ကိုယ်တိုင်မတွက်လည်း websiteတွေ appတွေအဆင်သင့်ရှိပြီးသားပဲ။ အဲဒါတွေကြည့်ပြီးယူသုံး လည်းရပါတယ်။ အများကြီးရှိတယ်။ myfxbookတို့လို webတွေappတွေလည်းရှိတယ်။correlationsတွေက ကိုလိုသလို အမျိုးမျိုး စဉ်းစားတဲ့နေရာမှာဟအသုံးချလို့ရပါ တယ်။ဥပမာဆိုပါစို့။ ကိုယ်က currecyအတွဲ၂တွဲကိုယူပြီး တစ်တွဲကို buyပြီးတစ်တွဲကို sellထားမယ်။ သူတို့၂ခုဟာ correlation အရမ်း strongဖြစ်တယ် 100%ပဲဆိုပါစို့။ လားရာက positiveဆိုတိုက်ရိုက် negativeဆိုရင် ဆန့်ကျင်ဖက်ပေါ့။ အဲဒိအတွဲ၂တွဲဟာ ဘယ်လောက်100% strongဖြစ်တယ်ပြောပြော pipအလှုပ်အခက်တော့ နဲနဲကွာ မှာပဲ။ ပြီးရင် အဲ၂တွဲရဲ့ pipတန်ဖိုးလည်းကွာတယ်။ အဲဒိခြားနားချက်တွေကိုယူပြီး riskတွေကို လျော့ချဖို့ fundsတွေက သုံးကြတာတွေလည်းရှိတယ်။ တခါတရံ ကိုယ်ကbuyချင်တယ် riskလည်းချိန်ချင်တယ်ဆိုရင် correlation 100%မဟုတ်တဲ့ အခြားတတွဲနဲ့ ကိုယ်tradeမယ့်တတွဲနဲ့ကို 1lotဆီပဲ buyပြီး tradeတာမျိုး။ အမျိုးမျိုး adjustလုပ်ကြပါတယ်။ ဒီနေရာမှာ မှန်တယ်မှားတယ်ကတော့ profitနဲ့ riskကို ချိန်ဆပြီး သုံးကြတာပါ။ ဘယ်ဟာရယ်လို့ ပုံသေမရှိပါဘူး။ ဒါလေးကတော့ correlationကိုစဉ်းစားရင် အထောက်အကူဖြစ်အောင်ပါ။
_ 1 = perfect negative correlation
_ 0.8 = very strong negative
_ 0.6 = also strong
_ 0.4 = moderate negative
_ 0.2 = weak
0 = no correlation, totally random
0.2 = very weak positive correlation
0.4 = weak
0.6 = moderate positive
0.8 = high
1 = perfect positive correlation
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
0 comments:
Post a Comment