ထားရှိသင့်တဲ့ Forex Traderများရဲ့စိတ်နေသဘောထား အပိုင်း (၁)
အောင်မြင်တဲ့ Forex trader တစ်ယောက်ဖြစ်ဖို့အတွက် mindsetက အရမ်းအရေးပါပါတယ်။ တကယ်တော့ risk managementဆိုတာ mind setမှန်ကန်ဖို့အတွက် လမ်းကြောင်းတစ်ခုပါပဲ။ အောင်မြင်တဲ့သူတစ်ယောက်စိတ် ထားနဲ့ မအောင်မြင်တဲ့သူတစ်ယောက်စိတ်ထားလုံးဝမတူ နိင်ပါဘူး။ စိတ်ကဦးဆောင်ပြောင်းလဲပြီး တန်တဲ့ဘဝကိုရကြ တာပါ။ အလားတူ professional traderတစ်ယောက်ရဲ့ mindset ကလည်းပဲ gamblerတစ်ယောက်ရဲ့ စိတ်နေသဘောထား လုံးဝကွဲပြားနေမှာပါ။ mindset အကြောင်းရေးထားတာတွေ နည်းသေးလို့ mindset အကြောင်းလေးတွေကို အသားပေးပြောချင်တာပါ။ ရှုံးရတာအကြောင်းတွေထဲမှာ မှန်မှန်ကန်ကန်စိတ်ထား attitudeမထားတတ်တာကအရေးကြီးပါတယ်။ Forex ဆိုတာ side businessတစ်ခုလိုတကမ္ဘာလုံးက business manတွေလည်းလုပ်ကြသလို စိတ်ပါဝင်စားတဲ့ မည်သူမဆို ပမာဏမျိုးစုံနဲ့ဝင်ရောက် tradeကြပါတယ်။ ပြောချင်တာတစ်ခုက forex traderကောင်းဖြစ်ဖို့အတွက် strategyတစ်ခုတည်းမဟုတ်ပဲ mindsetပါလိုအပ်တာပါ။ mindset ဆိုတာကလည်း အောင်မြင်တဲ့trader တစ်ယောက် ဖြစ်ဖို့အတွက် psychological strategy လို့ပြောလည်းရပါတယ်။ ဒီforex marketက zero sum marketပါ။ တစ်ယောက်ယောက်ရှုံးထားတယ်ဆို အဲဒိပိုက်ဆံ တစ်ယောက်ယောက်ဆီရောက်နေမှာပါ။ များများရှုံးတယ်ဆိုရင် တစ်နေရာမှာတော့ ပိုက်ဆံတွေသွားစု နေမှာအသေအချာပါပဲ။ လူအများစုက marketထဲဝင်လာတယ်။ သေချာမလေ့လာဘူး။ gambleဆန်ဆန်လုပ် ကြမယ်။ အဲဒိပိုက်ဆံတွေဘယ်ရောက်သွားလဲဆိုတော့ အတွေ့ကြုံရှိ traderတွေဆီ ရောက်သွားတော့တာပါပဲ။ ခဏဝင်လာတယ်။ မလေ့လာဘူး။ ပြန်ထွက်သွားကြတယ်။ လှူသွားသလိုပါပဲ။ ဒါကြောင့် mindsetကအရေးကြီးတာပါ။ ပထမတစ်ခုက အလွန်အကျွံ tradeတာပါ။ လူမှာ psychological concept တစ်ခုရှိတယ်။ တခါမြတ်လိုက်ရင် နောက်တခါမြတ်မယ်ထင်ပြီး လက်သွက်လာတယ်။ မရရင်အကြိမ်များပြီး ရှုံးမဲ မဲတာပေါ့။ အဲဒိကစတော့တာပဲ။ ကျွန်တော်တို့တွေဟာ ဒီ forexမှာ ၂ခုပဲလုပ်ဖို့လိုတယ်။ သိရင်လုပ် မသိရင်မလုပ်နဲ့။ သေချာတယ်ဆိုရင်လုပ်။ သေချာတယ်လို့ပြောပေမယ့် ၁၀၀ရာနှုန်းသေချာတယ်ဆိုတာတော့ ဘယ်တော့မှရှိမှာ မဟုတ်ဘူး။ အနာဂတ်ဖြစ်နေလို့ပါပဲ။ ဘယ်အရာလုပ်လုပ် logic ကျပြီး ရုပ်တိကျဖို့လိုတယ်။ research လုပ်ထားရတာ ဥပမာ သေသေချာချာလေ့လာထား သိထားတာ ကိုပြောတာပါ။ ဘာပဲသိသိသေသေချာချာသိအောင် ကိုဆိုလိုတာပါ။ အများကြီးမသိတာကိစ္စမရှိဘူး။ တစ်ခုသိလား။ တစ်ခုသိရင် အဲတစ်ခုတော့ သေချာသိရမယ်။ ရေရာသေချာရမယ်။ ကျွန်တော်ကြားဖူးတဲ့ သိုင်းဆရာတစ်ယောက် တပည့်လိုပါပဲ။ သူကိုဆရာက သိုင်းတစ်ကွက်ပဲ သင်ထားပေးတာ။ ဒီတစ်ခုကိုတော့ သူကျွမ်း နေအောင်ကို လေ့ကျင့်ထားတယ် တတ်တယ်။ တကယ်ရင်ဆိုင် ခုခံတဲ့အခါကျတော့ ဒီတစ်ခုကိုပဲ ပုံစံမျိုးစံ သုံးပြီးကာနိုင်တယ်။ ကျန်တော်တို့လည်း ဒီလိုသဘောပါပဲ။ တစ်ခုသိလား။ အဲတစ်ခုနဲ့တော့ money making လုပ်နိင်ရမယ်။ အဲဒိတော့ သိရင်လုပ် မသိရင်မလုပ်နဲ့။ ကိုယ့်ကိုကို မသိဘူးဆိုတာကိုလည်း မသိဘူးဆိုတာကို သိဖို့လိုမယ်။ ဒါမှမလုပ်မိမှာ။ ဘယ်လောက် ကျွမ်းကျင် tradeပဲဖြစ်ဖြစ် အကြားမမြင်ရနေတာမဟုတ်ပါ။ ဘယ်သူမှ ၂၄နာရီလုံး ဘာဖြစ်ပြီးဘာဖြစ်မယ် မသိပါဘူး။ ဒါကြောင့် ကိုယ်ဘာသိလဲ မသေချာပဲနဲ့ အလွန်အကျွံ မtradeကျဖို့ အကြံပြုချင်ပါတယ်။ (ဆက်ရန်)
LEARN = EARN
KNOWLEDGE = MONEY
0 comments:
Post a Comment