Follow

Wave Analysis Part3




 ပြန်ဆက်ကြရအောင်ဗျာ။ wave pattern ၂မျိုးရှိမယ်။ Impulse waveနဲ့ Corrective wave။ အသေးစိတ်လေးသွားရအောင်။ Impulse waveက main trendကို ကိုယ်စားပြုမယ်။ Corrective waveက retrace ပြန်လုပ်မယ်။ Impulse wave မှာ 5 movesရှိမယ်။ wave၅ခုပေါ့။ wave 1 wave2 wave3 wave4နဲ့ wave5ပါ။ Corrective waveမှာတော့ 3moves ဒါမှမဟုတ် 3wavesပါ။ wave A wavaB waveCပေါ့။ Impulse wave တစ်ခုလုံးကို Corrective waveတစ်ခုလုံးက retrace လုပ်သလိုပဲ Impulse waveထဲက wave တစ်ခုချင်းဆီကလည်း waveတစ်ခုကို တစ်ခုက ပြန်ပြီး retraceလုပ်သလို သဘောဆောင်ပါနေကြပါတယ်။ wave 1 က main trend ဖြစ်စေပြီး wave2က retrace wave3 က main trend အတိုင်းပြန်သွား wave4က retrace ပြီးရင် wave5 က main trend အတိုင်းပြန်သွား အဲ့ဒိသဘောပါ။ ဒီနေရာမှာ သေချာလေး စဉ်းစားရအောင်။ trendတစ်ခုမှာ up trendပဲဖြစ်ဖြစ် down trendပဲဖြစ်ဖြစ် အားကောင်းရင် အားကောင်းနေတာကို trend ပဲ သူ့ရဲ့ဆန့်ကျင်ဘက်ကို retraceလုပ်တယ် ဒါမှမဟုတ် များသွားရင် trend reversable ဖြစ်မယ် မဟုတ်ရင် box range moveပေါ့။ ဒီတော့ trendတစ်ခုဟာ ဘယ်လောက်ထိအားကောင်းမလဲ။ အားကောင်းသလောက် တတ်နေကျနေ ဖြစ်နေတော့ waveအနေနဲ့ပြောရင် waveလေးတစ်ခု အသွင်ဖြစ်နေမှာပါ။ ပြီးလို့အားလျော့သွားတော့ retrace ပြန်လုပ်တဲ့ သဘောပေါ့။ ဒါလည်း အားကုန်ရင် waveလေးတစ်ခုပဲပေါ့။ waveအနေနဲ့ပြောထားရင်တော့ သဘောကတော့ trendမပျက်သေးဘူးဆိုတာ သိထားပေါ့။waveအကြောင်းပြောနေတာဆိုတော့။ အဲဒီလိုနဲ့ တစ်ခုကိုတစ်ခု အပြန်အလှန်bull bearအားပြိုင်ရင်း main trendတစ်ခုကို ပုံဖော်သွားတာ။ဒါဆို wave1 က wave2ကို retraceလုပ်တယ် 100% retraceလုပ် ရင်ဘာဖြစ်မလဲ။ trend ပျက်သွားတာပေါ့။ ဒါဆိုဘာတွေဆက်ဖြစ်မလဲ စဉ်းစားနော်။ Ralph Nealson Elliott ဆိုတာကတော့ Elliott wave analysisကို စပြီးလေ့လာခဲ့တဲ့သူပေါ့။ သူပြောတာကတော့ wave1 ကို wave2က retraceလုပ်ရင် 100%ထက် မကျော်ရဘူး။minimum 20% ကနေ ပုံမှန် 30%-80%လို့ပြောတယ်။ ကျွန်တော်ပြောမယ်နော်။ ဘယ်အရာမှပုံသေမရှိဘူး။ Elliott ကိုပြောပေမယ့် ခေါင်းထဲမှာ trend အကြောင်းစဉ်းစားနေရမယ်။ resistance and supportကို သိနေရမယ်။ နောက်တစ်ခုက ကိုtradeနေတဲ့ commodititesတွေ သို့မဟုတ် currencyအတွဲတွေ nature သဘော သဘာဝ ကိုသိထားရမယ်။ currency အတွဲတွေ commodititesတွေရဲ့ ဈေးအတက်အကျ ကျနှုန်း ကျပုံ ကျနည်းချင်းတွေ ဘာကြောင့်မတူသလဲ ဆိုတော့ mass population မတူကြလို့ပါပဲ။ ဒါကိုမေ့ထားလို့ မရပါဘူး။ commodities ပဲဖြစ်ဖြစ် currencyတွေပဲဖြစ်ဖြစ် physical မှပဲ ဖြစ်ဖြစ် အသုံးပြုပုံ အသုံးပြုနည်း စတဲ့ သဘာဝမတူကြတာနဲ့အလျောက် လူတွေရဲ့သဘောထားတွေ လည်းကွဲပြားခြားနား လာကြပါတယ်။ ဒါဆို ဈေးကြတာချင်းအတူတူ retrace တူချင်မှတူမယ်။ nature အကြောင်းပြောရင် အများကြီးပဲ။ အဲတော့ ကိုtradeတဲ့ productတွေရဲ့ သူတို့ရဲ့ သဘာဝတွေကို သိထားရပါမယ်။ ဒါမှ traderတွေရဲ့ mood ကိုမှန်းလို့ရမယ်။ ဒီ product တွေဟာ လူတွေ mind ထဲက ဘယ်လို stage ဖြစ်နေသလဲဆိုတာ သိမှာပါ။ wave 3 ကိုလည်း wave4 ကပုံမှန် retraceလုပ်ရင်လည်း 20%-50%ပါ။ ဒါဟာ ဘာကြောင့် အဲဒီလောက် retraceလုပ်နေသလဲ။ trend တစ်ခုမှာ wave4ကို ဒီလောက် retraceလုပ်ရင် အဲဒိ trendအခြေအနေက ဘာကိုပြောချင်တာလဲ။ စဉ်းစားပါ။ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ရန်။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.