Follow

Technical analysis ဆိုတာဘာလဲ။



Forex market မှာပဲဖြစ်ဖြစ် stock market မှာပဲဖြစ်ဖြစ် commodity ပဲဖြစ်ဖြစ် commodityဆိုတာ goldတို့ silver petroleumတို့ coffeeတို့ပဲဖြစ်ဖြစ် global အနေနဲ့ လူသန်းပေါင်းများစွာဟာ ဈေးတွေကို onlineကနေ trading လုပ်နေကြပါတယ်။ ဈေးတွေအပြောင်းအလဲကြောင့် လူတွေအရောင်းအဝယ်လုပ်ကြသလို လူတွေအရောင်းအဝယ် လုပ်တာတွေကြောင့်လဲ ဈေးတွေပြောင်းလဲနေရပါတယ်။ Technical analysis ဆိုတာ ဒီဈေးတွေ တက်မလား ကျမလား ဆိုတာကို formula တွေထုတ်ပြီး ခန့်မှန်း တဲ့နည်းတွေပါ။ Formulaကို blindကြီးဒီတိုင်းထုတ်ပြီး ချတွက်တာမဟုတ်ပါဘူး။ လက်ရှိဈေးအတက်အကျ လမ်းကြောင်းကို scan ဖတ်ပြီး ရှေ့ကိုဘာဆက်ဖြစ်မလဲ ဆိုတာကို ခန့်မှန်းတာပါ။ Trading productတွေဘယ်လိုပြောင်းပြောင်း လူတွေမှာရှိတဲ့ fear ကြောက်ရွံ့မှုနဲ့ agreedလောဘ ကတော့ ခေတ်တိုင်းအတူတူပါပဲ။ အဲဒါတွေကို logically သုံးသပ်ပြီး လားရာကိုခန့်မှန်းရတာပါ။ ဈေးတွေက်ု ခန့်မှန်းတော့မယ်ဆိုရင် technical analysis ဆိုတာရှိတယ်။ နောက်တစ်ခု fundamental analysis ဆိုတာရှိတယ်။ ၂မျိုးလုံးဟာ အရေးပါပြီး အခြေခံကြပါတယ်။ တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် သိထားရင် forex market မှမဟုတ်ဘူး။ stock marketပဲဖြစ်ဖြစ် bond marketပဲဖြစ်ဖြစ် financial marketထဲအားလုံးမှာ သုံးလို့ရပါတယ် ဈေးခန့်မှန်းတာ ဆိုတော့။
ဥပမာ ဈေးတစ်ခုကိုပဲ ကြည့်ပါ။ လူတွေစိတ်ထဲမှာ ဒီပစ္စည်းနဲ့ ပတ်သတ်ပြီး အကောင်းမြင်နေမယ် ဈေးတတ်မယ်ထင်ရင် တန်ဖိုးဟာ တရိပ်ရိပ်တတ်နေပြီး စိတ်မချရဘူးထင်ရင် သို့မဟုတ် အဆိုးမြင်နေရင်တော့ သေချာတယ် ဈေးတွေက ကျတော့မှာပဲ။ ဒါဟာလူတွေရဲ့သဘောပါ။ ပုံမှန်ဆိုရင်တော့ နဂိုဈေးဝန်းကျင် လောက်မှာပဲရှိမှာပါ။ ဒါဆို ဈေးတွေတက်မယ်ဆိုရင် ဘယ်လောက်ထိတော့ တတ်မယ် ကျရင်လည်းဘယ်လောက်ထိကို ဆင်းမယ် ဆိုတာတွေက လူတွေရဲ့ emotional signsတွေကို ဖတ်ပြီး logicကျကျ စဉ်းစားသုံးသပ်ရတာမျိုးတွေပါ။
Technical analysisတွေထဲမှာ Indicatorsတွေ Number theory တွေနဲ့ပတ်သတ်တာတွေ Wavesအကြောင်းအရာတွေ Patterns တွေ Gaps တွေပြီးတော့ Trendsတွေလည်းပါဝင်ပါတယ်။

LEARN = EARN
KNOWLEDGE = MONEY
Will Institute
( forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.