Follow

Feature News

Wave Analysis Part7




Impulse waveတွေပြီးရင် corrective waveတွေအကြောင်း ထပ်ဆက်ရအောင်။ တကယ်တော့ ကျန်တော်ဒီမှာ ပြောပြတာလေးတွေက အခြေခံလေးတွေပါ။ ဒါလေးတွေသိထားရင် နောက်တဆင့် ထပ်လေ့လာပြီးတော့ profit ရအောင် ရှာရတာပေါ့ဗျာ။ technical လေ့လာပြီဆိုတာနဲ့ ကျွန်တော် ဟိုအရင်တွေ ကတည်းက technical analysis ဆိုတာဘာလဲဆိုတာ ရေးတုန်းထဲက technical branch တွေရှိတယ်။ အဲဒါလေးတွေ လေ့လာရမှာပေါ့နော်။ စိတ်ဝင်စားစရာကောင်းတာက ကျွန်တော်တို့ အခုလေ့လာနေကြတဲ့ ဒီဘာသာရပ်တွေက တိုက်ရိုက်money makingပဲနော်။ လွယ်တယ်လို့တော့ ပြောတာမဟုတ်ဘူး။ တကယ်တတ်ဖို့လိုတယ်။ တတ်လည်းတတ်ထားရမယ်။ wave အကြောင်းကို ပြောလည်း wave analysis လို့ပြောလိုက်တာနဲ့ Elliott wave တစ်ခုပဲရှိတာတော့ မဟုတ်ပါဘူး။ အခြားwave ကို analysis လုပ်ပုံတွေလည်း အများကြီး။ ဒါပေမယ့် ပြောခဲ့တာလေးတွေကတော့ အခြေခံပါ။ သိထားရမှာတွေပေါ့။ wave analysis ကိုပြောနေတယ်ဆိုတာကလည်း pattern လေးတွေကို သိစေချင်လို့ပါ။ wave analysis ကို သေချာလေ့လာရင် ဘာတွေသိလာမလဲဆိုတော့ pattern ကို သိလာမယ်။ resistance support တွေကို သိလာမယ်။ နောက်တစ်ခုက trend တွေနဲ့ correction တွေအကြောင်းသိလာမယ်။ အရေးကြီးတာက ဘာလဲဆိုတော့ အဲwaveရဲ့နောက်ကွယ်က ဖြစ်တည်နေတဲ့ သဘောတရားတွေပဲ။ trading လုပ်ပြီဆိုရင် strategy ကြီးပဲ စောင်းပေးမနေပဲ နောက်ကွယ်သဘောတရားကို သိထားရမယ်။ ဘာကြောင့်လဲဆိုတော့ strategy တစ်ခုဟာ အချိန်တိုင်း အမြဲမှန်နေတာမဟုတ်လို့ပါပဲ။ လူတွေရဲ့သဘောထား နောက်ကိုလိုက်ပြီး သင့်တော့တဲ့အချိန်မှာ သင့်တော်တဲ့ strategy တွေနဲ့ လိုက်နိင်ဖို့ဆိုတာပဲ။ အဲလိုသွားဖို့အတွက်ဆိုရင် သဘောတရားတွေပါအရေးပါလာပြီ။ နောက်တစ်ခုက ကိုယ်လေ့လာနေတဲ့ strategyတွေကိုလည်း သေသေချာချာ အခြေခံကအစ နားလည်းထားဖို့လိုတယ်။ ဘယ်လိုပြောချင်တာလဲဆိုတော့ priceတွေသွားနေတဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ကိုပဲ ဘယ်ဟာကတော့ ဘယ်strategyကတော့ သင့်တော်မယ်ဆိုတာ သိထားရမယ်။ အဲလိုသိဖို့ဆိုတာ ကိုယ်လေ့လာနေတဲ့ strategy ကိုကောင်းကောင်းအသုံးချတတ်ဖို့ လိုတာပေါ့။ ဒီ wave analysis တွေကရော အသုံးဝင်အောင် ဘယ်လိုလုပ်မလဲ။ သူ့ကြည့်သက်သက်တော့ price estimation လုပ်တယ် ဆိုတာ ယောင်ဝါးဝါးပါ။ fibo တွေ နဲ့အတူ priceတွေရဲ့ အခြား dimension တွေပါထပ်ထည့်ရတာပေါ့။ ပြောပြချင်တဲ့ အကြောင်းအရာက ဘာလဲဆိုတော့ တခုခုကို လေ့လာရင် အစမှာ တစ်ခုချင်း ဖြစ်ပေမယ့် နောက်ပိုင်းမှာ အားလုံးကို သုံးတတ်ရမယ့် တစ်ခုတည်းသော အခြေအနေဆီကို ဦးတည်ဖို့ပါ။ ထိုးထွင်းသိလာသလိုပေါ့။ ဒါတွေဟာ အတွေ့အကြုံကနေလည်း မြစ်ဖျားခံပါတယ်။ correction လေးအကြောင်းနဲနဲ ထပ်ဆက်ရအောင်ဗျာ။ Elliott ရဲ့ correction waveမှာတော့ wave ၃ခု ရှိမှာပေါ့ဗျာ။ A wave B waveနဲ့ နောက်တစ်ခုက C waveပေါ့။ Impulse မှာ ကတော့ 1 2 3စသဖြင့်ပြတယ်။ correction wave မှာတော့ ABC တွေနဲ့ပြမယ်။ ဒီ ABC wavesတွေအားလုံး တစ်တွဲလုံးက impulse wave 5wavesလုံးနဲ့ သွားနေတဲ့ trend တစ်ခုလုံးကို correction လုပ်နေတာပါ။ ဒီ wave A , B and C မှာလည်း သူ့အချိုးလေးတွေ ရှိတယ်။ wave 1, 2, 3 စသဖြင့် ပြောခဲ့တုန်းက လိုပါပဲ။ wave A> waveB< wave C ပေါ့။ အားလုံးထဲမှာ impulse wave ဖြစ်တဲ့ မူလ trend လိုသွားနေတဲ့ wave Bသည် ဒီ correction လုပ်နေတဲ့ အချိန်မှာတော့ အတိုဆုံးဖြစ်နေတတ်ပါတယ်။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.