Follow

Types of Forex Traders



Forex traders အမျိုးအစားဘယ်နှစ်မျိုး ရှိသလဲပေါ့။ ဗဟုသုတအနေနဲ့ပါ။ trading လုပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အလုပ်အကိုင်တွေ အားမအားဆိုတာတွေ ကိုယ်သန်ရာ သန်ရာ trading ပုံစံအမျိုးမျိုးလုပ်ကြတာပါပဲ။ အဓိက ကတော့ အမြတ်ရဖို့ပါပဲ။ ကိုယ်ဘယ်လို အမျိုးအစားလည်း မသိပေမယ့် ကိုယ်ဟာကို အမြတ်ရအောင် tradeနေကြတာတွေ လည်းရှိတာပေါ့။ ဒါတွေက အရေးမကြီးပါဘူး။ ဒါပေမယ့် ဘယ်အခါအရေးကြီးလည်း ဆိုတော့ ကိုယ်က ဘာကို အားသန်တယ် ဘယ်လိုမျိုးက ကိုယ့်အတွက်ပိုအဆင်ပြေလဲ စဉ်းစားပြီး strategy ရှာတဲ့အခါကြတော့ လိုတာပေါ့။ ကိုရှာချင်တဲ့ strategy က အချိန်ပေးရမယ် ကိုယ်က မအားတာတို့ စသဖြင့်ပေါ့။ အဲတော့ ကိုယ်က day trader ဆိုရင် strategy ကိုလည်း day နဲ့ အဆင်ပြေတာ ရှာရတာပေါ့ဗျာ။ အဲဒိလိုမျိုတွေအတွက်ကြတော့ လိုလာတဲ့သဘောပါ။ ဒါဆို နည်းနည်းလောက်ပြောကြရအောင်။ အများကြီးမဟုတ်ဘူး။ နဲနဲသိရင် ရပြီ။

Scalpers
သူက ကျတော့ ဘာနဲ့တူလဲဆိုတော့ highway မှာ  အမြန်မောင်းနေတဲ့ ကားပေါ့ဗျာ။ fast lane မှာမောင်းနေတာပေါ့။ မြန်မယ်။ ခဏကလေးနဲ့ အမြတ်ရှာမယ်။ second ပိုင်းအတွင်း minutes ပိုင်းတွင်း ရှာတာပေါ့။ ဒါပေမယ့် pip တော့ နည်းမှာပေါ့။ နည်ူနည်းနဲ့ ခဏခဏ market ထဲဝင်ကြတယ်။ တရက်တစ်ရက်ကို အကြိမ်အများကြီးနဲ့ပေါ့။ အဲတော့ သိပ်မလှုပ်တဲ့ အချိန်တွေ ဆိုရင် အမြတ်နည်းတာပေါ့။ အဲလိုပဲ risk လည်း နည်းသွားတယ်။ တစ်ခုရှိတာက pip အရမ်းကို လှုပ်ပြီး direction မကွဲတဲ့ အခြေအနေတွေဆိုလည်း အန္တရာယ် ရှိနိင်တာပေါ့။ ဒါဆို ဘယ်ချိန်တွေက သူတို့အတွက် ကောင်းလဲဆိုတော့ busiest time တွေပါပဲ။ တစ်ခုကနေ တစ်ခုကို market ပြောင်းတဲ့ အချိန်တွေ ဆိုကောင်းတယ်။ သူတို့ကို trade မယ်ဆိုရင် spread အရမ်းဟတဲ့ currencies အတွဲတွေဆိုရင်တော့ မကောင်းဘူးပေါ့။

Day traders
Day သမားက ကျတော့ scalpers ထက်တော့ pip များလာပြီ။ သူက တစ်ရက်မှာ ဘယ်လောက် လှုပ်မလဲ။ အဲအတွင်းမှာ trading လုပ်တာပေါ့။ မနက် market စရင် သူတို့လည်း trading စပြီး at the end of tge day မှာ transaction တွေ အကုန်ရှင်းကြပါတယ်။ နေ့မကူးကြဘူးပေါ့။ အဲဒါကို အထူးဂရုစိုက်ကြတယ်။ time framesလည်း နဲနဲ ကျယ်လာတယ်ပေါ့။ scalper နဲ့ ကွာတာလေး တစ်ခုက range ပိုပြီးကျယ်လာတော့ news တွေမှာလည်း trade ကျတယ်။ ဖြစ်နိင်ခြေတွေကို ခန့်မှန်းပြီး အစထဲက adjust လုပ်ထားကြတယ်။

Swing Traders
Swingက အရင်၂ခုထက် ပိုပြီး time frameရော rangeတွေရော ပိုကျယ်လာပြီ။ pip 100 ကျော် လောက်ထိ ဖြစ်လာပြီ။ သူက confirmation တွေ trend တွေ ကြည့်ပြီးမှ ဝင်တယ်။ market အဝင် အကြိမ်ရေလည်း နည်းလာတာပေါ့။ currency အတွဲမျိုးဆုံးကို trade လာကြတယ်။ သူတို့က ရက်ပေါင်းများစွာ ထားလာတဲ့ အဆင့် range လည်း ကျယ်လာတော့ spread တွေကို အဲလောက်စဉ်းစားစရာတော့ မလိုဘူးပေါ့။ profit targets တွေ loss level တွေထားပြီး order တွေ အလုပ်လုပ်ကြတာပေါ့ဗျာ။

Position Traders
သူတို့ကတော့ scalper နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ ဆန့်ကျင်ဘက်ပဲ။ ရက်တွေအကြာကြီးနဲ့ ထားတယ်။ ဒီ forex trading ဟာ အားကစားသမားတွေ အပြေးသမားတွေဆိုရင် သူတို့က ရေတိုသမား တာတို မဟုတ်ဘူးပေါ့။ မာရသွန် အပြေးသမားတွေပေါ့ဗျာ။ ရက်တွေအကြာကြီး လတွေအကြာကြီး ထားတတ်ကြပါတယ်။ chart တွေမှာလည်းD1 W1 တွေ MN တွေ အထိကြည့်ပြီး trade ကြတဲ့သူတွေပေါ့။ ကာလအားဖြင့် ခွဲခြားမယ်ဆိုရင်တော့ long term traderတွေပါ။ ငွေကြေး အမြောက်အများနဲ့ trade နိုင်တဲ့ account ကြီးကြီးသမားတွေပါ။ အခြား trader တွေထက် fundamental တွေပါ ပိုသုံးသပ်ကြတဲ့ investors တွေလည်း ဖြစ်ပါတယ်။

Mechanical Traders
သူကတော့ အခြားအရာတွေနဲ့ အလွတ်သဘောလို့ ပြောလည်းရတယ်။ ဘယ်လိုပုံစံရယ်လို ကွဲကွဲပြားပြား သတ်မှတ်ထားတာ မဟုတ်သလို time frame တွေလည်း မခွဲထားပါဘူး။ Technical သမားတွေ လို့ ပြောလည်း အများအားဖြင့် မှန်ပါတယ်။ technical indicator တွေထွင်။ coding တွေကို platform တွေနဲ့တွဲ ကိုယ့်ဟာကို ထွင်ပြီး ရှာကြည့်ကြတာပေါ့။ beginner တွေလည်း ဖြစ်နိင်ပါတယ်။ ဝါရင့်ကျွမ်းကျင်သူတွေလည်း ဖြစ်နိင်ပါတယ်။  စမ်းသပ်နေတဲ့သဘောပေါ့။

LEARN = EARN
KNOWLEDGE = MONEY

WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
www.myanmarwiforex.blogspot.com

About Unknown

0 comments:

Post a Comment

Powered by Blogger.