Wave ၂ခုအနေနဲ့ Impulse wave နဲ့ corrective နဲ့ရှိပါတယ်။ မှတ်ထားရမှာက Impulse wavesများသည် main trendကိုဖော်ပြကြတာဖြစ်ပြီတော့ corrective waveတွေကတော့ ပြောင်းပြန် ဆန့်ကျင်ဖက်ကို ပုံမှန်အားဖြင့် သွားနေကြမှာပါ။ main trend အဖြစ် Impluse waveတွေဟာ trending ဖြစ်ပြီး သွားနေသမျှ ကာလပတ်လုံး သေချာတာကတော့ ဒီ impulse waveတွေရဲ့ wave ဥပမာ first, third & fifth တွေဟာ အမြဲ corrective waveတွေထက်ကို ပိုရှည်ပြီး trend ကို ကိုယ်စားပြုနေကြမှာပါ။ ဒါမှ trend တစ်ခု ဆက်လက်ရပ်တည်အားကောင်းလို့ ရပါမယ်။ အဲလို မဟုတ်ဘဲ Impulse wave 5 moves နဲ့ Corrective wave 3 moves တို့ဟာ ရွေ့လျား distanceချင်းတူလာတယ် ဒါမှမဟုတ် Impulse နည်းလာတယ်ဆိုရင်တော့ သေချာပါတယ် trend အားနည်းလာလို့ပါ။ ဘာကြောင့်လဲဆိုတော့ trend ကို pull back ပြန်လုပ်နေတဲ့ retrace 3 movesဖြစ်တဲ့ correctiveတွေဟာ trend အားကောင်းနေရင် မတူညီရပါဘူး။ ဒါဆိုရိုးရိုးလေးပဲ။ trending မှာ uptrend ဖြစ်ဖြစ် downtrend ပဲဖြစ်ဖြစ် 5 moves ဖြစ်မယ်။ pullback လုပ်မယ် 3moves ပြီးရင်ဆက်တက်မယ်။ ဆက်တက်ဖို့အတွက် pullback 3 movesဟာ 5 movesထက်ကို ဆန့်ကျင် distance နည်းနေရမယ်။ ဒီလိုမျိုးလေးပါ။ detail တွေတော့ အများကြီး ရှိပါတယ် appliedတွေပါ။ နောက်ဆက်ပြောပြပါ့မယ်။ ဒီ Impluse movesတွေဟာ ခုနကပြောတဲ့ 5 movesပေါ့။ ဒါတွေဟာ psychologically လူတွေရဲ့ အပြုအမူကို reflectလုပ်နေပါတယ်။ trend တစ်ခုဟာ strong ဖြစ်တာသေချာနေရင် ဒီ impluse wavesတွေရဲ့ third wave တွေဟာ ရှည်ကိုရှည်နေရပါမယ်။ angle degree တွေဟာ healthy ဖြစ်နေရပါမယ်။ 5 moves ရှိတဲ့နေရာမှာ သူ့ရဲ့ရွေ့လျားပုံစံတွေအရ first move extension third move extension and fifth move extension တွေရယ်လို့ရှိပါတယ်။ moveတွေကို wave တွေလိုလည်း ပြောင်းသုံးပါတယ်။ first, third& fifth wave extension ပေါ့။ တစ်ခုပြောချင်တာက ကိုယ်က elloitt wave analysisကို appliedလုပ်တော့မယ် ဆိုရင် ကိုယ့်ရဲ့ chartကို ကြည့်ပြီး လက်ရှိအခြေအနေဟာ Impulseထဲမှာလား correctiveထဲမှာလား ကြည့်ရပါမယ်။ time frameကတော့ multiple time frameသုံးလို့ရပါတယ်။ တခါတရံ trendမကွဲတဲ့အခါ ကွဲကွဲပြားပြား ပြောဖို့ခက်တတ်ပါတယ်။ တစ်ခုရှိတာက elliott wave analysisဆိုတာက ကြည့်တာများလာမှ ကိုယ့်အတွက်အသားကျလာတာပါ။ ဒါကြောင့် အတွေ့ကြုံလေး တော့ လိုအပ်ပါတယ်။ နောက်တော့ ကြည့်ရင်းနဲ့ သိသွားတာပေါ့။ ဒီတော့ ကိုယ်ကအစပိုင်းမှာ ဒါတစ်ခုတည်းကြည့်ပြီး analysisလုပ်ရင် လိုအပ်ချက်တွေ ရှိနိုင်တော့ comfirming indicatorအနေနဲ့ပဲ သုံးပါ။ နားလည်အောင်လေ့လာတယ်ဆိုတာက အစပိုင်းမှာ တစ်ခုချင်းလေ့လာနေတာ မှန်ပေမယ့် appliedလုပ်တဲ့အခါ တစ်စဆွဲရင် ကျန်တာအကုန်ပါလာသလိုပါပဲ။ တစ်ခုသုံးသပ်ရင် အကုန်လုံးချိတ်ဆက်မိရပါတယ်။ ဒါမှတကယ်တတ်တာပါ။
Wave Analysis Part2

0 comments:
Post a Comment