ထားရှိသင့်တဲ့ Forex Traderများရဲ့ စိတ်နေသဘောထား အပိုင်း (၃)
နောက်ထပ် forex traderများသိသင့်ပြီး လိုက်နာသင့်တဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါက tradeတဲ့နေရာမှာ သုံးမယ့် ပိုက်ဆံပါပဲ။ ဒီ ငွေသည် တနည်းအားဖြင့် ပြောမယ် ဆိုရင် ကိုယ် riskယူမယ့်ငွေပါ။ ဒီ ငွေဟာ ကိုယ်tradeလို့ အဆင်ပြေလောက်မယ့်ပမာဏရှိရမယ်။ အရမ်းနည်းတဲ့ ပမာဏနဲ့ မtradeသင့်ပါဘူး။ အရမ်းနည်းတဲ့ ငွေကြေးလို့ ပြောလို့ ပမာဏအရမ်းများရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် tradeလို့အဆင်ပြေလောက်တဲ့ ပမာဏတစ်ခု လောက်တော့ရှိရမယ်။ ပုံမှန်ကိုယ်တခါtradeရင် ကိုယ် risk ယူမယ့် ငွေကြေးပမာဏဟာ ရှိတဲ့စုစုပေါင်းကိုယ့်ငွေပမာဏရဲ့ ရာခိုင်နှုန်းအရမ်းမများဖို့ကို ဆိုလိုတာပါ။ ဥပမာ ကိုယ့် အကောင့်ဟာ US 1000ရှိတယ်။ တခါ tradeလို့ 500$ riskယူတယ်ဆိုရင် 50%ဖြစ်နေပါပြီ။ ဒါဟာတော်တော်များ တဲ့riskပါ။ ပုံမှန် riskကို 10%အောက် 5%အောက် 2.5%အောက်လောက်ပဲယူတာပိုကောင်းပါတယ်။ အဲတော့ ငွေပမာဏနည်းရင် မtradeရတော့ဘူးလား။ မဟုတ်ပါဘူး။ ဆိုလိုချင်တာက riskရာခိုင်နှုန်းကိုပဲ လျော့စေချင်တာပါ။ ဒါဆို ဘယ်လိုလုပ်မလဲ။ lot sizeကိုလျှော့ချရမှာပေါ့။ အဓိက key pointကဒါပါ။ အမြဲတမ်း lotနဲ့ risk amountနဲ့ အမြဲချိန်ပါ။ ငွေနည်းရင် lot sizeလျှော့ပေါ့။ ဒီလိုပါ။ risk လုပ်ရမယ့် ရာခိုင်နှုန်းကို နည်းစေချင်တာပါ။ ဘာကြောင့်လဲ။ stressလျော့အောင်လို့ပါ။ emotion ကို handleလုပ် နိုင်အောင်လို့ပါ။ အောင်မြင်တဲ့ traderတစ်ယောက်ဖြစ်ဖို့က mindsetကအရမ်းအရေးကြီးလို့ပါ။ tradingမလုပ်ခင်မှာ တွေးပါ။ ပြီးရင်tradeပါ။ tradeတဲ့အခါ လုပ်သင့်တာတွေကို တဆင့်ပြီးတစ်ဆင့် လုပ်ပါ။ ပြီးရင်တော့ relaxလုပ်ပါ။ နောက်တစ်ခိက်တဆက်တည်းသွားတာက ဘာလဲဆိုတော့ အဲဒိပိုက်ဆံသည် disposable moneyလိုမျိုးဖြစ်သင့် တယ်။ disposable moneyလိုဘာကြောင့်ဖြစ်သင့်လဲ။ စိတ်ဖိစီးမှုသက်သာအောင်လို့ပါ။ tradeတဲ့အခါ ယူတဲ့risk ဟာကိုယ်လက်ခံနိုင်လောက်တဲ့ ဘောင်အတွင်းမှာပဲ အမြဲထားပါ။ အမြဲ risk moneyရယ် pipရယ် lot size ရယ် အမြဲညှိပါ။ riskကိုတအားယူရင် နောက်ထပ်trade မယ့်transactionအသစ်တွေပေါ်မှာ emotionအနေနဲ့ သွားပြီးထိခိုက်တတ် ပါတယ်။ ကိုယ်tradeမယ့် transaction တွေဟာ တစ်ကြောင်းနဲ့ တစ်ကြောင်း သီးခြားစီရပ်တည်တာပါ။ (ဒီနေရာမှာ margin level% တွေကိုပြောနေခြင်းမဟုတ်ပါ) သူ့အကြောင်းနဲ့သူ အမြတ်အရှုံး ရပ်တည်တာကိုဆိုလိုတာပါ။ ထိုကြောင့် ကိုယ်tradeလို့ transactionဖွင့်ထားတာတွေအတွက် ခံစားချက် ကန့်သတ်ထားနိုင်အောင် ကိုယ်tradeမယ့်ငွေကြေးသည် disposable moneyလို ဖြစ်သင့်ပါတယ်။ ဒီငွေကြေးသည် ကိုယ့်ဘဝအတွက် အဆုံးရှုံးခံလို့ မဖြစ်တဲ့ ငွေကြေးဖြစ်နေတယ်ဆိုရင် မလုပ်ပါနဲ့။ စိတ်အေးလက်အေး ကောင်းကောင်းစဉ်းစားလို့ရအောင် ကိုယ်နိုင်တဲ့ပမာဏ အတွင်းကပဲ လွတ်လွတ်လပ်လပ်လုပ်သင့်ပါတယ်။
0 comments:
Post a Comment