Follow

forex ဆိုတာဘာလဲ။ လိုတိုရှင်းမိတ်ဆက်


အလွယ်ကူဆုံးအနေနဲ့ပြောရရင် forex ဆိုတာ foreign exchangeကို အတိုကောက်အနေနဲ့သုံးတာဖြစ်ပြီး FX လို့လဲသုံးကြပါတယ်။ပြောချင်တာ နိင်ငံခြားငွေကြေးဈေးကွက်ပေါ့။ အဲလိုပြောလို့ ကျွန်တော်တို့ဆီက Yangon Stock Exchange Market တို့လို New York Stock Exchange တို့လို marketplace ကြီးလုပ်ထားတာမဟုတ်ပါဘူး။ Nasdaq တို့လိုမျိုးပါ။ မျက်စိထဲမှာ forex အကြောင်းမြင်အောင်ပြောရင် အပြင်မှာ money changerတွေ တွေ့လိမ့်မယ်။ နေရာတိုင်းမှာပေါ့။ ဒီ money changer တွေကဘာလုပ်လဲဆိုတော့ ငွေကြေးတခုကနေတခုကို လဲလှယ်ပေးတယ်ပေါ့။ ကမ္ဘာကြီးက နည်းပညာတွေလည်းမြင့်လာတယ် ကူးလူးဆက်ဆံတာတွေလည်း မြန်လာတော့ ရွာကြီးတစ်ရွာလိုကိုဖြစ်လာတော့တယ်။ ဒီတော့ လူတွေလည်း တစ်နေရာကနေ တစ်နေရာသွားကြလာကြ ဝယ်ကြခြမ်းကြပေါ့ဗျာ။ ကမ္ဘာကြီးကသာ ရွာကြီးလိုဖြစ်လာပေမယ့် သူ့နိင်ငံ သူ့currency တွေရှိနေတယ်။ တကယ့်စီးပွားရေး လုပ်ငန်းတွေ export inport တွေမှာဆိုရင်လည်း တကမ္ဘာလုံးက currency တစ်ခုတည်းမဟုတ်တော့ နိုင်ငံခြားငွေ လိုပြန်တာပေါ့။ ဒီနေရာမှာ changer counter တွေကိုကြည့် ဈေးရေးတဲ့အခါ ၂မျိုးတွေ့လိမ့်မယ်။ ရောင်းရင်တဈေး ဝယ်ရင်တဈေး။ ရောင်းရင် ဆိုတာ သူတို့ဘက်ကရောင်းရင် ဒါဈေးများမှာပေါ့ ask/ offer လို့ခေါ်တယ်။ သူတို့ဝယ်ရင် ဈေးကနည်းမှာပေါ့။ ဒါကို bid လို့ခေါ်တယ်။ ပြီးတော့ ဒီငွေကြေးဈေးတွေက တစ်ရက်နဲ့တစ်ရက်လည်း အတက်အကျမတူဘူး။ အဲဒိနိုင်ငံငွေကြေးရဲ့ စီးပွားရေး နိင်ငံရေးအခြေအနေတွေပေါ်မူတည်ပြီး ရောင်းလိုအား ဝယ်လိုအား စသဖြင့်ကြောင့်မို့ ပြောင်းလဲနေတယ်။ ဒီနေရာမှာ တခုလေးသဘောပေါက်ရမှာက currency တွေကို trading လုပ်တယ်ဆိုတာ တကယ့်တော့ ငွေကြေးတစ်ခုကို သွားရောင်းပြီး တစ်ခုကိုဝယ်တာပဲ။ ဒါကြောင့် လဲတယ်သုံးတာ။ ပြီးတော့ အတွဲလိုက်ရှိနေတယ်ပေါ့။ ဥပမာ EURUSD, အရှေ့က EUR ကငွေကြေးတစ်ခု နောက်က USD ကငွေကြေးတစ်ခု။ ဒီတော့ EURUSD = 1.1162 ဆိုရင် တစ်ယူရိုကို 1.1162ဒေါ်လာတန်တယ်ပေါ့။ အရှေ့မှာရှိတဲ့ currencyကို base curreny လိုခေါ်တယ်။ ပြောချင်တာက ယူရိုကို ဒေါ်လာနဲ့သွားလဲတာ။ ကိုယ့်မှာရှိတာ ယူရိုပေါ့။ တစ်ရက်နဲ့တစ်ရက် ငွေလဲနှုန်းတွေက မတူဘူးဆိုတော့ ကိုယ်ကUSD လေးဝယ်ထားတယ် လဲယူခဲ့တယ်ပေါ့။ USDMMK ဥပမာ 1280ကျပ်ဈေး ပေါက်တယ် မနက်ဖြန် 1290ဆိုရင် လက်ထဲမှာရှိတဲ့ USD တန်ဖိုးက ကွာသွားပြီ။ ဒါကexport inport သမားမှ မဟုတ်ပါဘူး တကမ္ဘာလုံးမှာ ရှိတဲ့ငွေကြေးနဲ့ မလွတ်ကင်းနိင်တဲ့လူသား အားလုံးဟာ ဒီ financial market နဲ့ဆိုင်ပါတယ်။ အဲဒိတော့ export inport လောက်တင်မဟုတ်ပဲ ဒါကိုဈေးအတက်အကျပေါ်မှာ လူတွေက investment သဘောပါလုပ်လာကြပါတယ်။ တစ်ခုရှိတာက အရင်က physical နဲ့ အဝယ်အရောင်းတွေလုပ်ကြတော့ 1 USD= 1290MMKဆိုရင် ဈေးတတ်သွားလို့ 1300ဖြစ်ရင် တစ်ဒေါ်လာကို ၁၀ကျပ်မြတ်တယ်။ ဒါဆို တစ်သိန်းကျပ်မြတ်ဖို့ ဒေါ်လာ တစ်သောင်း မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်ဖိုးလောက်အရောင်းအဝယ်လုပ်ရပါမယ်။ ပြောချင်တာက ကိုယ်လိုချင်တဲ့ငွေကြေးပမာဏရဖို့ amountပမာဏအများကြီးနဲ့ အရောင်းအဝယ်လုပ်ခဲ့ရတယ်။ နောက်ပိုင်း online currencies trading ပေါ်လာပြီး laverageတွေ margin (ကြုံရင်အသေးစိတ်ရှင်းပြပါ့မယ်။ လောလောဆယ် laverageကို ဆ margin ကို deposit စပေါ်ငွေလို့ပဲ ပြောလွယ်အောင် မှတ်ထားပေးပါ) တွေနဲံ့ပြီးတော့ online ကနေဆိုတော့ ပိုပြီးတွင်ကျယ်လာကြပါတယ်။ ဆိုလိုတာက ငွေကြေးလေးတွေက နဲနဲလှုပ်ပေမယ့်ငွေဖော်ရင် များများရအောင် အလှုပ်အခက် များအောင် leverage ဆနဲ့လုပ်ထားတာပါ။ ဆ က 1:100, 1:200, 1:400, 1:50 အစရှိသဖြင့်ရှိပါတယ်။ အဲလိုပဲ ကိုယ့်အမြတ်တွေပေါင်းဖို့ ကိုယ်ရှုံးရင် နှုတ်ဖို့ deposit တွေတင်ထားရပါတယ်။ online currencies trading ကစက္ကန့်နဲ့အမျှ လှုပ်နေတဲ့ဈေးကို onlineပေါ်မှာ appသုံးပြီးမြင်ရပါတယ်။ laverageလည်းရှိနေတော့ နဲနဲလေးလှုပ်တာနဲ့ အရှုံးအမြတ်ပေါ်နေတာပေါ့။ အရင်က export inport လောက် နိုင်ငံတော်က ခိုင်မာတဲ့ငွေကြေးများကို အရန်ငွေအဖြစ်ထားတာလောက် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပမာဏများများနဲ့ ငွေကြေး market မှာရင်းနှီးမြုပ်နှံလာရာကနေ ဒီ laverageတွေရှိပြီးအဆင်ပြေချောမွေ့လာတော့ ပမာဏနဲနဲနဲ့ လူတိုင်းလည်း ဒီငွေကြေးဈေးကွက်ထဲကို ဝင်လာကြပါတယ်။ ဝင်တယ်ဆိုတာ ခြေစုံပစ် ဝင်တာကိုပြောတာမဟုတ်ပါဘူး လူတိုင်းသူ့အလုပ်သူလုပ်ရင်း ဈေးအတက်အကျခန့်မှန်းပြီး အကျိုးအမြတ်ဝင်ရှာကြတာပါ။ ဒီ marketက liquidity ဖြစ်ပြီး ငွေဖြစ်လွယ်လို့ပါ။ ပြီးတော့ စနေ တနင်္ဂနွေ ကလွဲရင် 24 hours ဖွင့်ပါတယ် အရမ်းလှုပ်တာ မလှုပ်တာပဲကွာပါတယ်။ ဝင်ရောက် tradeတဲ့သူ ပမာဏများလာတော့ marketက တစ်နေ့တခြား ပိုပိုကြီးလာတယ်။ New York Stock Exchangeတို့လို ကမ္ဘာမှာ အကြီးမားဆုံး stock တွေထက်လည်း အဆများစွာကြီးမားတယ်။ အဲတော့ ဒီမှာရှိတဲ့ဈေးအတက်အကျကို ထိန်းချုပ်ဖို့ခက်တယ်။ နိင်ငံအစိုးရတွေကလည်း အရန်ငွေတွေနဲ့ နိင်ငံcurrencyတွေရဲ့ တန်ဖိုးကိုထိန်းဖို့ ဝင်လာကြတယ်။ international bankတွေရောပေါ့။ market ကအရမ်းကြီးတော့ တစ်ရက်ကိုလည်ပတ်နေတဲ့ ငွေကိုက ဒေါ်လာသန်းပေါင်း သန်းချီလည်ပတ်နေတာကိုး။ တစ်ခုတော့ရှိတယ် ငွေပမာဏ အမြောက်အများနဲ့ဆိုရင်တော့ ထိန်းချုပ်လို့မရ ရင်တောင် ငွေကြေးလှုပ်ခတ်မှုကို ဖြစ်စေနိင်တယ် ဆိုတာတော့သိထားသင့်တယ်။ တကယ့်တော့ ဒီ market ကဈေးအတတ်အကျက တကယ့် supply နဲ့ demand ပါပဲ။ လူတွေရဲ့စိတ်ကြောင့်နဲ့ အများကြီးပတ်သတ်နေတယ်။ ဒီ market ထဲကဈေးတွေ exchange rate တွေက ဒီလူတွေကြောင့်မို့ပဲ အလှုပ်အခက်တွေ ပိုများနေရတော့တာပေါ့။ ဒီနေရာမှာ အသုံးများတဲ့ currencyတွေ ပြောပါမယ်။ major currencies တွေပေါ့။ USDollarရှိမယ် ယူရို EUR ဂျပန်ယမ်း JPY စတာလင်ပေါင် GBP swiss franc CHF တွေပေါ့။ ဒါတွေက trading လုပ်တာများတယ် online ကနေကျတော့ ကိုယ့် deposit တင်ထားတဲ့ deposit နဲ့ ဝယ်ကျရောင်းကျ trade လုပ်ကြတာပေါ့။ အခုပြောတဲ့ currency တွေကို USdollar နဲ့ တွဲလိုက်တော့ ငွေကြေးအတွဲလေးတွေ EURUSD, GBPUSD, USDJPY, USDCHF စသဖြင့် ဖြစ်လာတာပေါ့။ ပြီးတော့ USD ကို ဘုံထုတ်ပြီး GBPJPY တို့လိုမျိုးလည်း tradeကျတာများပါတယ်။ ဒါတွေကိုတော့ cross အတွဲတွေလို့ ခေါ်တယ်ပေါ့။ ဒီ market မှာ online currency trading ဘယ်လိုအမြတ်ရှာလဲဆိုတော့ သူက two way market ဖြစ်တယ် ရောင်းတာနဲ့ ဝယ်တာနဲ့ပေါ့။ အရောင်းနဲ့စလည်းရတယ် အဝယ်နဲ့စလည်းရတယ်။ potion ၂ခုရှိတာပေါ့။ ခုနကပြောတယ် deposit တင်ထားရတယ်ဆိုတာ။ အဲဒိတော့ အဲဒိငွေနဲ့ ကိုယ်ကြိုက်တဲ့ ( သူတို့ပေးထားတဲ့ငွေကြေးအတွဲတွေ အများကြီးရှိမယ်) EURUSD, USDJPY စသဖြင့် အတွဲတွေကို ပမာဏတစ်ခုနဲ့ ရောင်းတာနဲ့ပဲစစ ဝယ်တာနဲ့ပဲစစ ရတယ် အဝယ်အရင်လာမယ် ဝယ်ပြီးမှရောင်းရမယ် မရှိဘူး။ ဆိုကြပါစို့ လက်ရှိမှာ EURUSD = 1.2309 ဒါဆိုရင် ကိုယ်ဒီအတွဲကို ရွေးမယ်ဆိုရင် ကိုယ့်မှာရှိမှာက EUR ဈေးတတ်မယ်ထင်ရင် အဝယ်ဖွင့်လိုက်ပါ ခဏနေလို့ EURUSD= 1.2316လောက်ရောက်သွားတယ်ဆိုရင် 1.2309 ကနေ 1.2316 ပြောင်းသွားသလောက် ဟသွားတဲ့ကွာဟ ချက် ကိုLeverageနဲ့မြှောက်ပြီး ကိုမြတ်တာပေါ့။ ပစ္စည်းတစ်ခုကို ဈေးနည်းချိန်မှာဝယ်ပြီး ဈေးအတက်မှာပြန်ရောင်းသလိုပါ။ တကယ်လို့ဈေးကကျမယ်မှန်းထားတယ်ဆိုရင် ကိုယ်ရွေးထားတဲ့အတွဲကို အရောင်းနဲ့ အရင်စလိုက်ပါ။ EURUSD = 1.2319 ရှိနေရာကနေ ကိုအရောင်းဖွင့်ပြီး 1.2310 ဖြစ်သွားတယ်ဆိုရင် ဟသွားတဲ့ကွာခြားချက်ကို ကိုမြတ်တာပါပဲ။ ပစ္စည်းတစ်ခုကို ကျမယ်ဆိုတာသိလို့ အရင်ရောင်းထုတ်ပြီး အကျမှာပြန်ဝယ်လိုက်သလိုမျိုး လက်ထဲမှာပြန်ရှိနေတယ် ဒါဟာဒါပဲ ငွေထွက်လာတယ် အဲ့သဘောပါ။ တကယ်တော့ ဒီmarketဟာ ကျွန်တော်တို့ဘယ်သွားသွားကမ္ဘာအနှံမှာ အမြဲတမ်းရှိနေမှာပါပဲ။ ဒါတွေကို နားလည်ထားသင့်တယ်။ ကိုယ့်လုပ်ငန်းတွေအတွက်ရောအထောက်အကူပြုနိင်ပါတယ်။ ပြီးတော့ပိုက်ဆံရှာနည်းတနည်းပါပဲ။ ဒီmarketထဲကလူတွေရဲ့စိတ်ကိုကြည့်ပြီးယထာဘူတ ကျကျဆက်ဖြစ်လာမယ့် ဈေးနှုန်းအတက်အကျကိုခန့်မှန်းရတာပါ။ အသက်အရွယ်ရလာ အတွေ့အကြုံများလာတာနဲ့အမျှ carrer အသက်မွေးဝမ်းကြောင်းတစ်ခုလို စီးပွားရေးတစ်ခုလို ဖြစ်လာမှာပါ။ strategies တွေနည်းဗျူဟာတွေနဲ့စဉ်းစားရတဲ့ လုပ်ငန်းတစ်ခုပါ။ သိထားရမှာက ကိုယ်နားမလည်ရင် ကိုယ့်အိတ်ထဲက ပိုက်ဆံပါသွားမှဖြစ်ပြီး ကိုယ်နားလည်ရင်တော့ သူများပိုက်ဆံကိုယ့်အိတ်ထဲ ရောက်လာမှာပါ။ WILL INSTITUTE (forex school) www.facebook.com/willinstituteforex LEARN = EARN KNOWLEDGE = MONEY

About Unknown

0 comments:

Post a Comment

Powered by Blogger.