Pro trader တစ်ယောက်လို stop loss ဘယ်လိုထားမလဲ။ နိဒါန်း
စဉ်းစားကြည့်ရင်တော့ stop loss တစ်ခုဟာ ဘယ်လောက်အရေးပါမလဲပေါ့။ take profit နဲ့ stop loss မှာ ဘယ်ဟာပိုအရေးပါသလဲ။ take profit က အမြတ်ရဖို့ stop loss အရှုံးနဲ့ဖို့။ warren buffet တစ်ခါပြောသလို နံပါတ် ၁ ruleက မရှုံးဖို့တဲ့။ ကျွန်တော်တို့ဆီမှာကတော့ အရှုံးနဲဖို့ပေါ့။ လုံးဝမရှူံး ချင်ဘူး ဆိုရင်တော့ မtrade မှပဲရမယ်။ အဲတော့ အရှုံးကို ကန့်သတ်ပြီး emotion ကို manage လုပ်ဖို့အတွက် stop lossက လိုလာပါပြီ။ stop loss ထားတာတော့ ဟုတ်ပါပြီ။ stop loss ဘယ်လိုထားမလဲကလည်း အရေးပါပါတယ်။ stop loss ထားတယ်။ ထိတယ် ရှုံးတယ် ထပ်ထားတယ် ထပ်ထိတယ် ဆိုရင်တော့ consistancy ရှိရမယ် ဆိုပေမယ့် rule မှားနေတာလည်း ဖြစ်နိင်ပါတယ်။ ကျွန်တော်ပြောမယ်နော်။ တကယ်တော့ တော်တော်များများဟာ ရိုးရိုးလေးပါပဲ။ ကျွန်တော်တို့တွေ မသိလို့သာ ရှုတ်တယ်ထင်ရတာ။ ဘဟ်လောက် ခက်ခဲတယ်ပြောပြော ပျမ်းမျှအားဖြင့် လူတွေ စဉ်းစားလို့ရပါတယ်။ ဘယ်လောက်ရှုတ်ထွေးတဲ့ ပစ္စည်းတွေပဲ ထွင်ထွင် အားလုံးဟာ အခြေခံလေးတွေကို စုစုပြီး ခက်ခဲ့ နက်နဲတဲ့ပစ္စည်းတွေ ထွက်လာတာပါ။ ဘာပဲစဉ်းစား စဉ်းစား ရုပ်တိရှိသလိုပဲ စဉ်းစားပြီး ရိုးရိုးလေးပဲ တွေးဖို့လိုပါတယ်။ တကယ်တော့ တော်တော်များများဟာ ကျွန်တော်တို့ သိပြီးသား ရိုးရှင်းလွယ်ကူတာတွေပါပဲ။ logic ကျအောင် စဉ်းစားဖို့သာလိုပါတယ်။ တစ်ချို့က scalper လုပ်တယ်။ 5 pips ခွာထားတယ် ရလားမေးတယ်။ day trading လုပ်တယ် 25 pips ထားထားတယ် ရလားမေးတယ်။ ကျွန်တော်ပြောပြတယ်။ ဘယ်တော့မှ အဲလို တရားသေမရှိဘူး။ ဘယ်အတွဲကို trade တာလဲ။ ဘယ်အချိန် trade တာလဲ။ သူရဲ့ လတ်တလော အခြေအနေက ဘာလဲ။ trend ဖြစ်နေလား။ range ထဲမှာလား။ ဘာမှ မသိပဲ data collect မလုပ်ပဲ ဘယ်လိုစဉ်းစားမလဲဗျာ။ ဒါအဓိပာယ် မရှိဘူးလေ။ အခု ကျွန်တော် ပြောတာတွေထဲမှာ မသိတာပါလား။ ဘာမှ မပါဘူးနော်။ အားလုံးရိုးရိုးလေး။ အဓိက က ကိုဟ်trade မယ့်အတွဲ ဘယ်အတွဲ ဖြစ်ဖြစ် သေသေချာချာသိဖို့ပဲ။ market manner ပေါ်မှာ ဈေးဘယ်လို behave လုပ်နေသလဲ ကြည့်ရမှာ။ အဒါကို stop loss ဒီလောက်ထားတယ်လို့ ပုံသေပြောတာ ကတော့ အဲလောက်အဆင်မပြေဘူးလို့ပဲပြောရမယ်။ တကယ်တော့ အခြေအနေပေါ်မူတည်ပြီး ကိုယ် trade တဲ့ time frame သို့မဟုတ် style ပေါ်မူတည်ပြီး ဘယ်လောက် pip ဖြစ်ဖြစ် ဖြစ်နိုင်နေတာပဲဗျ။ stop loss ဘယ်လိုထားမလဲကတော့ ဘယ်ပေါ်မူတည်သေးလဲဆိုရင် ကိုယ်သုံးတဲ့ strategy တွေပေါ်မှာလဲ မူတည်တယ်။ strategy တွေမှာတော့ ဘယ်နေရာမှာ stop loss ထားရမလဲ တစ်ခါတည်းပါကျပါတယ်။ ဒါကြောင့် stop loss လို့ပြောလိုက်တာနဲ့ အမြဲ မှတ်ထားရမှာက ပုံသေဘယ်မှာထားရမလဲဆိုတာ ပုံသေ pip မရှိတာရယ်ျနာက်တစ်ခုက ကိုသုံးနေတဲ့ strategy ရှိရင်လည်း ဒါကို adjust လုပ်နိင်အောင် စဉ်းစားတတ်ဖို့ရယ်ပါပဲ။ အလွယ်ဆုံးပြောရရင်တော့အမြဲတမ်း trend ကိုကြည့် Key resistance နဲ့ support ကို ကြည့်ပါ။ key resistance and support အကြောင်းလေးလည်း နောက်အသေးစိတ် ပြောပေးပါ့မယ်။ အဒါအလွယ်ဆုံးပါ။ အမြဲတမ်းအတွက် ကိုယ်ရောက်နေတဲ့ အခြေအနေ ဟာ trendထဲမှာ လား range ထဲမှာလားခွဲခြားတတ်ဖို့က trading လုပ်တဲ့နေရာမှာ အရေးပါဆုံးထဲက တစ်ခုပါ။ ခုနကလိုမျိုး proper pips ကို ဘယ်မှာထားရမလဲ မသိ lot လည်း မချိန်ပဲ lot တွေလည်းများ pipsတွေလည်းဟရင်တော့ အများကြီး ထိခိုက်နိင်ပါတယ်။ ကျွန်တော်တို့လည်း warren buffet မှာလိုမျိုး rule လေးထားထားသင့်တယ်။ အရင်လည်းပြောဖူးပါတယ်။ ကျွန်တော်အတွက်ကတော့ ၂ခုပဲ။ သိရင်လုပ် မသိရင်မလုပ်နဲ့။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
www.myanmarwiforex.blogspot.com
0 comments:
Post a Comment