ထားရှိသင့်တဲ့ Forex Trade များရဲ့ စိတ်နေသဘောထား အပိုင်း (၂)
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အရမ်းမျှော်လင့်လွန်းခြင်းပဲ။ တချို့ လူတွေကForex အကြောင်းသိသွားပြီ ဆိုတာနဲ့ ပိုက်ဆံအရမ်းချက်ချင်းရသွား မယ်ထင်သွားတတ်ကြတာတွေရှိပါတယ်။ နေ့ချင်းညချင်းပေါ့။ တခါတရံ အခြားစီးပွားရေးတွေမှာတောင် မရနိုင်တဲ့ ငွေကြေးပမာဏတွေကို မျှော်မှန်းလွန်းကျပါတယ်။ (အတွေ့ကြုံ တွေအရ ကျွမ်းကျင်တဲ့သူတွေ ရတာတွေတော့ရှိပါတယ်) အဓိက ကတော့ စိတ်ရှည်ဖို့လိုပါမယ်။ တစ်ဖက်ကလည်း riskတွေကို သိထားရပါမယ်။ အရင်တခါပြောသလိုပဲ လောဘကြီးပြီး risk management တွေနားမလည် risk reward တွေမသိပဲနဲ့ ဝင်လာပြီး လောင်းကစားဆန် ဆန်လုပ်သွားရင် ရှုံးပြီး လှူသွားသလို ဖြစ်နေမှာပါ။ အဓိကတော့ စိတ်ရှည်ဖို့ပါ။ ပုံမှန်လေးလေ့လာ နောက် တစ်နှစ် ငါးနှစ်တူတော့မှာ မဟုတ်ပါဘူး။ များများရှူံးတယ်လို့ ပြောတဲ့ပိုက်တံတွေ တစ်နေရာမှာတော့ သွားစုနေမှာပါ။ အဲတော့ တအားကြီးနေ့ချင်းညချင်း ချမ်းသာချင်တာတွေကို အရင်ထားပြီး သိသင့်တာတွေကို အရင်လေ့လာပါ။ စိတ်ရှည်ပါ။ လမ်းမှန်ပေါ်ရောက်ဖို့လိုတယ်။ အိုင်းစတိုင်းပြောသလိုပဲ ဒီအပြုအမူကိုပဲ ထပ်ခါတလဲလဲလုပ် ပြီးရလဒ်သစ်တော့ မမျော်လင့်ပါနဲ့ပေါ့။ ကိုယ်ဘယ်ဟာ မှန်လဲ မှားလဲ လိုအပ်နေလဲ သုံးသပ် practiceလုပ်ကြည့် ပြီးတော့ ကိုယ့်ထက်အတွေ့ကြုံရှိတဲ့သူတွေကိုမေး။ ပုံမှန်လေ့လာသွား လို့ရပါတယ်။ ဒါကို စိတ်ရှည်တာလို့ပြောတာပါ။ forexရဲ့အားသာချက်တွေအများကြီးပါ။ နောက်ဆက်ပြောပါမယ်။ နောက်ထပ်တစ်ခု မျှော်လင့်တယ် ဆိုတဲ့နေရာမှာပေါ့ အကြီးအကျယ်လွဲနေတဲ့ နောက်တစ်ခုရှိသေးတယ်။ အဲဒိတစ်ခုကတော့ indicator တွေအပေါ်မှာ အရမ်းမျှော်လင့်တာပါပဲ။ တကယ်တော့ indicatorဆိုတာ traderရဲ့ အတွေ့အကြုံနဲ့ပါ ပေါင်းဆက်မှာ resultကောင်းထွက်လာတာပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူနိင်ကြတာပါ။ ကမ္ဘာပေါ်မှာ ဒေါ်လာထောင်ချီပေးရတယ်ပဲပြောပြော ဘယ်indicatorမှာ ၁၀၀ရာနှုန်းမမှန်နိင်ပါဘူး။ အရာရာတိုင်းမှာ သူ့အားသာချက် အားနည်းချက် ကိုယ်စီမှာရှိနေကြပါတယ်။ ဒီတော့ အမှန်တကယ် အရေးကြီးတဲ့ထဲမှာ mindset နဲ့ managementလည်းပါပါတယ်။ forexကို logically ရှုမြင်သုံးသပ်ပြီး tradeတာက သဘာဝပိုကျပါတယ်။ စီးပွာရေး လုပ်ပြီဆိုရင်တော့ ဘယ်စီးပွားရေးဖြစ်ဖြစ်ပါ ဘဏ်တိုးထက်ပို လိုချင်လို့လုပ်ပြီဆိုရင်တော့ riskရှိနေမှာပါ။ forexမှာလည်းအတူတူပါပဲ။ စီးပွားရေးတစ်ခုလို တွေးပါ။ ခံစားမှုကို ကန့်သတ်တတ်အောင်ကြိုးစားပါ။ ဒါဟာ money managementနဲ့သွားဆက်ပါတယ်။ (ဆက်ရန်)
0 comments:
Post a Comment