ဒီနေ့ပြောချင်တာလေးကလည်း အရေးကြီးပါတယ်။ trading plan အကြောင်းပါ။ လူတော်တော်များများဟာ trading plan မရှိကြပါဘူး။ ဒါဟာလည်း ရှုံးစေတဲ့ အကြောင်းတွေထဲ ကတစ်ခုပါ။ ကျွန်တော်တို့ဟာ အောင်မြင်တဲ့ forex trader တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် trading planလည်းလို အပ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ သတိထားသင့်တဲ့ အကြောင်းအရာလေးတွေကိုပဲ ရွေးပြီးပြောပြချင်တာပါ။ trade တော့မယ်ဆိုရင် ruleရှိရပါမယ်။ ကိုယ့်ရဲ့trading ကို manageလုပ်ဖို့အတွက် ruleရှိရပါမယ်။ အခြေခံကျကျ ပြောရရင် စိတ်ခံစားချက်ကြောင့် အရောင်းအဝယ် လုပ်တာ မဟုတ်ဘဲ ကိုယ်သတ်မှတ်ထားတဲ့ အချက်အလက်တွေ ဥပမာ ကိုယ်သုံးတဲ့ indicatorက ဘာပြောရင် ဘာဖြစ်ရင် ဝယ်မယ် ရောင်းမယ် စသဖြင့်ပေါ့။ ဒါကအခြေခံပါ။ ပြီးရင် နောက်တဆင့်အနေနဲ့ ဘယ်indicatorမှ ၁၀၀ရာနှုန်းမမှန် တဲ့အတွက်ကိုယ်သုံးတဲ့ indicatorကို အခုချိန်မှာ ကိုယ့်အတွက် ဘယ်လောက်ရာနှုန်းအသုံးဝင်တယ် ဘယ်လောက် ယုံကြည့်လို့ရတယ်ဆိုတာပေါ်မူတည်ပြီး indicatorကို ကိုယ့်အသိဥာဏ်နဲ့ ပေါင်းစပ်။ ပြီးမှ ruleလေးတွေ ထားထားရပါတယ်။ Technical trading ဟာ technical indicatorsတွေကိုကြည့်ပြီး ဒါတွေ့ရင် ဒါလုပ်ဆိုတာထက်ပိုပါတယ်။ ဈေးအရမ်းကြီးပေးပြီး ဝယ်ထား တဲ့ indicatorတွေဆိုတာလည်း သုံးတဲ့သူပေါ်မူတည်ပြီး အကျိုးအမြတ်ကွာသွားတာပါ။ ဒါကြောင့် trading planနဲ့ ပတ်သတ်ပြီး ရိုးရိုးရှင်းရှင်း လုပ်ရမယ့် ၅ချက်ကို ပြောပြပါမယ်။ ကိုယ့်မှာဒါတွေအတွက် ruleတွေ planတွေ ရှိပြီလား။ ပြင်ဆင်ထားသလား ဆိုတာသိအောင်လို့ပါ။ မရှိသေးရင် ရှိအောင် ရှာပြီးမှ tradeပါ။ ကျွန်တော်တို့ အမြဲမမှန်နိင်ဘူးနော်။ ဒါကြောင့် riskကိုပါသိပြီး manage လုပ်နိင် control လုပ်နိင်အောင်လို့ပါ။ ရယ်စရာ တစ်ခု အနေနဲ့ပြောပြပါမယ်။ trading ruleသာရှိရင် လောင်းကစား တောင် invest လုပ်နေသလိုပါပဲ။ ကျွန်တော် အမြဲတမ်းတော့ ပြောဖူးပါတယ်။ ခေါင်းပန်းလှန်တာလေးပါ။ ခေါင်းပန်းလှန်တာက တကယ်တော့ luckပါပဲ။ ဘာဖြစ်မလဲ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် သချာင်္လို တွေးလို့တော့ရတယ်။ technical trading technical indicator ဆိုတာ math အကူအညီကို ယူတာပါ။ ခေါင်းပန်းလှန်ရင် မျက်နှာ ပြင်၂ခုရှိတော့ တစ်ခုနဲ့တစ်ခု ရိုးရိုးလေး probability ၅၀ ၅၀ပေါ့။ ၂ခါလှန်ရင် တစ်ခါတော့ ကိုယ့်ဘက်ကျမှာပါ။ ကံမကောင်းတတ်ဘူးထားလိုက်။ ၂ကြိမ်မလှန်ဘူး။ ၁၀ကြိမ်လှန်မယ်။ တစ်ခါတော့ ကိုယ့်ဘက်ကျမှာပါ။ အဲဒါမှ ကိုယ့်ဘက် တစ်ကြိမ်မှ မကျရင်တော့ တစ်သက်လုံး လုပ်မနေ ပါနဲ့တော့။ ဒါဆို တစ်ကြိမ်ကျတာနဲ့ မြတ်အောင် ဘယ်လ်ုလုပ်မလဲ။ တစ်ဖက်တည်းမှာပဲနေပါ။ နောက်အကြိမ် တွေရောက်တိုင်း အဲဖက်မှာပဲနေပြီး ငွေကို ၂ဆ ၂ဆ တင်။ ဒါဆို တစ်က်ြမ်ကျလိုက်တာနဲ့ ရှေ့ကအရှုံးတွေ အားလုံးကြေပြီး မြတ်ပါတယ်။ ဒါဆိုဘာသိရဦးမလဲ။ ကိုယ့်ပိုင်ဆိုင်မှု ကဘယ်လောက်လဲ။ ဘယ်လောက်ကနေ ကိုယ် စရမလဲသိရမယ်။ ဒါတွေဟာ plan ပါ။ ruleပါ။ မျက်စိထဲမှာ မြင်အောင်ပြောပြတာပါ။ trading ruleတွေ plan တွေဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့ forex မှာလည်း အရေးကြီးတာပေါ့။ ရိုရိုးလေး ကိုယ်ပြင်ဆင်ရမယ့် ၅ချက်ကိုပြောပါမယ်။
၁။ လက်ရှိ trend အခြေအနေကို သုံးသပ်ရမယ်။
၂။ စပြီး transaction ဖွင့်တော့မယ် ဆိုတာနဲ့ rule တွေရှိ ရပါမယ်။ entry ruleပါ။ ကိုယ်သုံးတဲ့ ခန့်မှန်း toolတွေမှာ ဘာတွေပြရင် ဘယ်လောက်ရာနှုန်းသေချာတယ် ဘာစောင့်ကြည့်ဖို့လိုမယ် ဒါတွေစုံပြီလား စသဖြင့်ပါ။
၃။ transaction ဖွင့်ရင် money management ပါတွဲပြီး စဉ်းစားပါ။ မဖွင့်ခင်ရော ဖွင့်ပြီးတဲ့အခါမှာပါ စဉ်းစားပါ။
ဖွင့်ပြီးဆိုတာက ကိုယ့် riskလျော့အောင် အခြေအနေပေါ် မူတည်ပြီး trailing လုပ်တာမျိုးစသဖြင့်ပါ။
၎။ ပြီးရင် exit ruleရှိရမယ်။ entry rule လိုပါပဲ။ entry လုပ်ကတည်းကလည်း တွဲစဉ်းစားရပါတယ်။ တခါတရံ transaction လုပ်ပြီးမှ အခြေအနေပေါ် မူတည်ပြီး modify လုပ်ရတာတွေလည်း ရှိကောင်းရှိမှာပါ။ ဘာလို့လဲ ဆိုတော့ ဘယ်အရာမှ ကြိုမသိနိုင်လို့ပါ။
၅။ stop ထိသွားရင်ပဲ ဖြစ်ဖြစ် target hit ဖြစ်သွားတာပဲ ဖြစ်ဖြစ် ပြီးရင် နောက်ထပ် entryတွေအတွက် အရင်က အရာတွေကို ပြန် checkလုပ်ပါ။
tradeတော့မယ်ဆိုရင် ဒါလေးတွေကို စဉ်းစားကြပါ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
0 comments:
Post a Comment