Follow

Wave Analysis Part (9)


Elliott wave analysis အရ ပြောမယ်ဆိုရင်တော့ Impulse wave နဲ့ corrective waveတွေဟာ တလှည့်စီ cycle တစ်round ပြီးတစ်round သွားနေတဲ့သဘောရှိတယ်။ ဒါဆို အမြဲ trend တွေကြီးပဲ တတ်လိုက်ကျလိုက်သွားနေမှာပေါ့လို့ ပြောစရာရှိတယ်။ မဟုတ်ပါ။ သူ့ကိုက pattern မျိုးစုံနဲ့ ပုံစံတွေရှိတယ်။ wave တစ်ပိုင်းအတွင်းမှာပဲ အခြား waveတွေရှိနေမယ်။ အဲဒိ waveတွေက ကန့်လန့်သွားနေတာမျိုးတွေ ရှိသေးတယ်လေ။ pattern တွေပုံစံတွေကလည်း အများကြီးရှိသေးတယ်။ flat ပုံစံတွေ triangle တွေရှိတယ်။ ဒါဟာ sideway သဘောပဲပေါ့။ ဘယ် trend ဖြစ်ဖြစ် ဘယ် sideway ဖြစ်ဖြစ် ဖြစ်ပြီးရင် နားမှာ ဒါသဘာဝပဲ။ နားလိုက် ဖြစ်လိုက်။ ဒါကလည်း ဈေးရဲ့သဘောပါပဲ။ တတ်ပြီးရင် ပြန်ကျရမယ်။ ပြန်ကျပြီးရင်လည်း ပြန်တော့တတ်ရမှာပဲ။ တောက်လျှောက်တတ်နေတာကြီးပဲ မြင်နေရရင် အတတ်ကြီးပဲရှိနေမလား။ မဟုတ်ပါ။ trend အားကောင်းနေတုန်း trending ဖြစ်တာ ကြာတာနဲ့ မြန်တာပဲ ကွာမှာပါ။ ဒါကြောင့် အတတ် trend လည်း အကျဖြစ်နိင်ခြေကို စဉ်းစားရသလို အကျမှာ treade ရင်လည်း အတတ်ဖြစ်နိင်ခြေကို စဉ်းစားထားတာပဲ။ ဒါကြောင့် risk management ဆိုတာတွေ mindset ဆိုတာတွေ လိုလာတာပေါ့။ ဒီတော့ အကျုံးပြန်ဝင်သွားတာပါပဲ။ ABC လေး အကြောင်း ထပ်ဆက်ရအောင်။ ABC ဟာလည်း wave 12345 တွေလိုပဲ သူတို့ဟာ တစ်ခုနဲ့ တစ်ခု retrace လုပ်နေကြတာပါပဲ။ wave 5 ကို wave Aက correctionဝင်မယ် waveB က wave A ကို correction ထပ်ပြီးဝင်မယ် ပြီးရင် waveB ကို wave C က ထပ်ပြီးတော့ corrective ထပ်လုပ်ဦးမှာပဲ။ ဒါဆို ဒီ wave analysis မှာ ဘယ် waveတွေက အရေးကြီးဆုံး စဉ်းစားတတ်ရမယ်။ ဒါတွေ ကို လေ့လာပြီး trend တွေ မှန်းဖို့ဆိုတာ waveတွေ စရင် စတယ်သိဖို့နဲ့ ဆုံးရင် ဆုံးသွားပြီးဆိုတာ သိဖို့ပဲ။ ဒါမှ နောက်ထပ် တစ် round ပြန်စဖို့ကို သိမှာ။ လှိုင်းစီးလို့ရမယ်။ မျှော်လို့ရမယ်။ ဒီတော့ wave5 wave C ဒါတွေကို သိထားရမယ်။ extension တွေ ဖြစ်နိင်ခြေကိုသိရမယ်။ time တွေနဲ့ ပြန်တွဲရမယ်။ ဒါမှ အသက်ဝင်မှာ။ လေ့လာပါ။ ဒါအခုမှ waveနဲ့ ပတ်သတ်ပြီး သိသင့်တာလေးတွေကို ရေလောင်း ပေါင်းသင် အဆင့်လေးပဲရှိသေးတာ။ လေ့လာပါ။ သင်ယူပါ။ ပြီးရင် သုံးစွဲပါ။ မဟုတ်ရင် အလကား ဦးနှောက်လေးပါတယ်။ ကိုယ်မသုံးရင် ဘာမှ မထူးပါ။ ပြန်မေ့မှာပါပဲ။ ဒီတော့ ABC မှာ wave A ဖြစ်ပြီးရင် wave B က retraceလုပ်ဖို့ လာပါလိမ့်မယ်။ ပြီးရင် wave C ဖြစ်ပြီ။ ပြီးရင် အရေးကြီးတာက wave Cသည် waveA ရဲ့ extreme ကို ကျော်ရမယ်ဆိုတာပဲ။ အဲဒိနောက်မှာ ဆက်လိုက်တာက waveC ပြီးရင် price  ဟာ wave A ရဲ့ range ထဲကိုပြန်ကို ပြန်ဝင်ရမယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါ။ နောက်ထပ် အသစ်တစ် round စဖို့အတွက်ဆိုရင် သေချာတာကတော့ wave B ရဲ့ extreme ကိုပါ ထပ်ပြီး ကျော်ရမယ်ဆိုတာပါပဲ။ elliott wave analysis လို့ပြောရင် ဒါတွေကို ဘယ်တော့မှ မမေ့ပါနဲ့။

LEARN = EARN
KNOWLEDGE = MONEY

WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
www.myanmarwiforex.blogspot.com

About Unknown

0 comments:

Post a Comment

Powered by Blogger.