Wave analysis part6
နောက်တစ်ချက်ကတော့ wave4က correction လုပ်တဲ့အခါ wave 1ရဲ့rangeအတွင်းကိုဝင်ပြီး wave4 ပြီးလို့မရပါဘူး။ typical Elliott waveက ပုံမှန်ဆိုရင် လုံးဝကို wave1 rangeထဲမဝင်ရပါဘူး။ ဒါက classical ပါ။ နောက်ပိုင်း modified လုပ်ထားတာက correction လုပ်ရင် wave1 price rangeထဲ ဝင်လို့ရပါတယ်။ ဒါပေမယ့် wave4ပြီးရင်တော့ wave 1 closeရဲ့ အပြင်မှာပဲ ပြီးစီးရပါမယ်။ ပုံမှန်လေးပဲ မှတ်ထားရင်ရပါပြီ။ အရမ်းသဲကွဲတာတော့မဟုတ်ပါ။ နောက်တခါ extensionထဲမှာ အတွေ့များပြီး ရှည်လျားနေတတ်တာက wave3ပါ။ ဒီ wave3ထဲမှာဘtrend တစ်ခု wave အဖြစ်ရှိနေတတ်ပါတယ်။ wave3 ကိုယ်တိုင်ကို trendတစ်ခုလို သတ်မှတ်ပြီး သူ့အထဲမှာကို wave1, wave 2, 3, 4& 5စသဖြင့် ရှိနေတတ်ပြီး ရှည်လျားနေတတ်ပါတယ်။ တကယ်လို့ wave3 ကအဲလိုဖြစ်နေရင် correction လာတဲ့ wave4မှာလည်း wave A, B &C စသဖြင့်ရှိနေတတ်ပြီး ရှည်လျားတတ် နေတတ်ပါတယ်။ ဒါဟာ logical ကျပါတယ်။ waveအကြောင်း လေ့လာမယ်ဆိုရင် ပြည့်ပြည့်စုံစုံလေး လေ့လာထားတာ ကောင်းပါတယ်။ waveလို့ပြောလိုက်တာနဲ့ Impulse wave 1, 2, 3, 4& 5ပြီးတော့ corrective wave A, B &C ပေါ့ အဲလိုမျိုးကြီး တရားသေမမှတ်နဲ့ဦး။ ပုံမှန်ကတော့ ဒီလိုမျိုးပေါ့။ တကယ့် လက်တွေ့မျက်မှောက်မှာ ဒါတွေနဲ့ ချွတ်ဆွတ်တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် key pointvလေးတွေတော့ မှတ်ထားလိုက်ပေါ့။ အားလုံးသုံးရမယ် မဟုတ်ဘူးပေါ့။ သင့်တော်သလိုလေး သုံးပေါ့။ waveမှာ 1, 2, 3,& 4လောက်နဲ့ A, B, C, D &E လောက်သွားတာတွေလည်း ရှိပါတယ်။ ဘာပြောပြော trendတွေရဲ့ သဘာဝကို နားလည်ရင်အဆင်ပြေပါတယ်။ အဓိက ခွဲတတ်ဖို့က trend တစ်ခုနဲ့ correction တစ်ခုကိုပဲ။ ပြီးတော့ trend မဟုတ်ပဲ waveမှာ အခြား pattern မျိုးတွေလည်းရှိပါတယ်။ ဥပမား zigzags, triangle and flatတွေပေါ့။ trendတစ်ခု Elliott wave bull waveကို အခြေခံပြီး သိသင့်တဲ့အချက်လေးတွေ နဲနဲထပ်ပြောပါ့မယ်။ အရင် impulse waveလို့ပြောလိုက်ရင် သိရမယ့် key point တွေလည်း ပြန်အကျူံးဝင်ပါတယ်။ ဘာအကြောင်းနဲ့မှ wave2 က wave1ကို correction လုပ်ရင် မူလနေရာ ကိုလုံးဝမကျော်ရပါဘူး။ အလိုပြောလိုက်ရင် resistance and supportမှာ ဘယ်လို resistance and support ကို ပြောတာလဲ သိထားရမယ်။ wave2က wave1 ကို retraceလုပ်ရင် အနည်းဆုံး 20%ကျော်ရမယ်။ မကျော်ရင် ဘာဖြစ်မလဲ စဉ်းစားပါ။ wave2ရဲ့ အချိန်ဟာ wave1ရဲ့ ကိုးဆအထိရှိနိင်ပါတယ်။ ဒါကတော့ သူတို့ပြောတာပါ။ wave3 ဟာ gross အားဖြင့် wave2ရဲ့ အနည်းဆုံး ၂ဆထက်များရတယ်။ တကယ်လို့ wave1 က wave3 ထက်ရှည်နေမယ့် အခြေအနေမျိုးဆိုလည်း wave3 ဟာ wave1 ရဲ့ price ၃ပုံ၁ပုံဈေးနှုန်းအောက် မရောက်ရပါဘူး။ wave3 က wave1 ထက်ရှည်ရင်လည်း ၇ဆ ထက်မပိုရဘူး။ wave3ဖြစ်ပေါ်ကြာချိန်သည် wave1ရဲ့ ၇ဆထက် မပိုရပါဘူး။ တချို့အရာတွေကိုတော့ မရှုတ်သွားအောင် ဖြုတ်ထားတာတွေ ရှိပါတယ်။ ဒါတွေကတော့ အသေးစိတ်လေးပါ။ ပုံသေမဟုတ်ပေမယ့် အဆင်ပြေတာ ယူသုံးရအောင်လို့ပါ။ ဒါတွေကတော့ Impulse wave အကြောင်းပါ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
0 comments:
Post a Comment