Follow

What is US Dollar Index USDX?





US Dollar Indexကို symbol အနေနဲ့ DX ဖြင့်ဖော်ပြပါတယ်။ သူဟာ future contract FC ဈေးနှုန်းတစ်ခု ဖြစ်ပြီး New York Board of Trader (NYBOT) က offerလုပ်ပါတယ်။ သူ့ကို Intercontinental Exchange, ETFs, options တွေနဲ့ mutual fundsတွေမှာလည်း သူ့ကို အရောင်းအဝယ်လုပ်ကြပါတယ်။ USDX ဟာအရေးပါတဲ့ indexတစ်ခုပါ။ Indexတွေကိုတော့ သိထားသင့်ပါတယ်။ ဒီmarketထဲမှာရှိတဲ့ traderတွေ investorတွေ နဲ့လည်း မစိမ်းပါဘူး။ Indexဆိုတာဟာ စီးပွားရေး အခြေအနေတွေကို တိုင်းတာရာမှာ အရမ်းအရေးပါတဲ့ ညွှန်းကိန်းတွေပါ။ ဘာကြောင့်လဲဆိုတော့ သူဟာ အစီရင်ခံစာ reportတွေထဲက မြောက်များစွာသော အချက်အလက်တွေကို တစ်ခုတည်းသော စာရင်းကိန်းအနေနဲ့ အနှစ်ချုပ်ပြီး စီးပွားရေး အခြေအနေတွေကို ခြုံငုံဖော်ပြ ကြလို့ပါ။ ဥပမာအားဖြင့် the Dow Jones Industrial Average Index, the Standard& Poor's (S&P) 500 Index, ပြီးတော့ the Nasdaq Composite Index တွေဟာ တနေ့လုံးမှာ ရှိတဲ့Stock market အခြေအနေတွေကို ခန့်မှန်းတဲ့နေရာမှာ နမည်ကြီးကြပါတယ်။ Fundamental အနေနဲ့ဆိုလည်း တွက်နည်းတွေမတူကြပေမယ့် နေ့စဉ်ထိတွေ့နေရတဲ့ Consumer Price Index, PMI ပြီးတော့ Consumer Confidence Index စတာတွေဟာလည်း Indexတွေပါပဲ။ ဒီ USDollar Indexကိုတော့ currency ၆ခုကို အခြေခံပြီး weighted geometric averageနဲ့ တွက်ထုတ်ပြီးတော့ ဖော်ပြတာပါ။ အဲဒိ currecy ၆ခုကတော့
Euro (EUR) 57.6% weight
Japanese yen (JPY) 13.6% weight
Pound Sterling (GBP) 11.9% weight
Canadian Dollar (CAD) 9.1% weight
Swedish Krona (SEK) 4.2% weight
Swiss Franc (CHF) 3.6% weight
တို့ဖြစ်ကြပါတယ်။
USDollar တခြား currencyတွေနဲ့ ယှဉ်လို့ အားကောင်း လာရင် strongဖြစ်လာရင် USDXတွေလည်း တတ်လာ ပါတယ်။ USDXက ၁၉၇၃ခု မတ်လမှာ Bretton Woods System ဖျက်သိမ်းပြီးနောက်ပိုင်းမှာ စတင်ခဲ့တာပါ။ အစမှာ US Dollar Indexသည် 100 ပါ။ အမြင့်ဆုံးအနေနဲ့ 164.72ဖြင့် 1985 february မှာရှိနေခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ 2008 march 16 မှာ 70.698နဲ့ ဖော်ပြခဲ့ပါတယ်။ US Dollar Indexသည် US dollarတွေရဲ့ overall performance အခြေအနေတွေကို ခန့်မှန်းတဲ့ အနေနဲ့ IMMငွေကြေး future traderတွေစောင့်ကြည့်သည့်ထဲမှာ ပါဝင်ပါတယ်။ IMM ဆိုတာ 1972 မှာစတင်ခဲ့တဲ့ International Monetary Market ဖြစ်ပြီး CME ရဲ့ အခွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ USDX သည် currency, stock, commodities traderတွေအနေနဲ့ သိသင့်ပြီး အရေးပါတဲ့ Index တစ်ခုဖြစ်ပါတယ်။

LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.