Follow

Forex Fundamental Analysis FFA နိဒါန်း



Fundamental Analysis ဆိုတာ စီးပွားရေး အခြေအနေတွေကို ခြုံငုံ သုံးသပ်တာပါ။ ကုမ္ပဏီတစ်ခုရဲ့ အခြေအနေ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေပေါ့။ Stock shareတွေ Forexတွေကို tradeတော့မယ် ဆိုရင်မိမိပိုင်ဆိုင်မှုတွေ တိုးပွားအောင် ဆုံးရှုံးမှုတွေကို လျော့နည်းစေဖို့အတွက် fundamentalဟာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ Forex online trade တော့မယ် နိုင်ငံခြားငွေကြေးတွေကို အရောင်းအဝယ်လုပ် တော့မယ်ဆိုရင် အဲဒိ့နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကို သိထားတဲ့အခါ အရမ်းအဆင်ပြေပါတယ်။ ငွေကြေးဈေးနှုန်း အတက်အကျနဲ့ ပတ်သက်နေလို့ပါ။ စီးပွားရေးအခြေအနေတွေ ကောင်းနေတယ်ဆိုရင် ထိုနိုင်ငံရဲ့ ငွေကြေးတန်ဖိုးတွေ တက်လာမှာပါ။ ဒါကြောင့် currencyတွေရဲ့ ဈေးအတက် အကျကို ခန့်မှန်းဖို့အတွက် Fundamental Analysis (Economic Indicators) တွေအကြောင်း လေ့လာထားဖို့လည်း လိုပါတယ်။ Technical Analysis အားသန်တဲ့သူတွေက technical နဲ့ tradingလုပ်ကြပေ မယ့် Fundamental ကိုလည်းမလွှတ်ထားသင့်ပါ။ Stock market Stock Shareတွေနဲ့ ပတ်သက်ပြီး tradingလုပ်ကြသူတွေ အနေနဲ့လည်း ကိုယ်trading လုပ်နေတဲ့ companyအကြောင်း တစ်ခုတည်းနဲ့ မလုံလောက်ဘဲ နိုင်ငံရဲ့ Fundamental economic အခြေအနေ အခြားနိုင်ငံတွေရဲ့ ကိုယ့်နိုင်ငံပေါ် သက်ရောက် နိုင်တဲ့ အချက်တွေကိုပါ လေ့လာထားသင့်ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ တစ်ခုကိုတစ်ခု အမှီသဟဲပြုနေကြပါတယ်။ Fundamental နဲ့ပတ်သတ်တဲ့ Indicatorတွေအကြောင်း လေ့လာမယ် ဆိုရင် အခြေခံအားဖြင့် သိထားသင့်တဲ့ Forexပေါ် အကျိုး သက်ရောက်စေမယ့် Indicatorတွေ Report စီရင်ခံစာ တွေကတော့
Gross Domestic Product - ပြည်တွင်းမှာရှိတဲ့ ထုတ်ကုန် ဝန်ဆောင်မှုအရည်အသွေးတွေနဲ့ ၄င်းတို့ရဲ့ တန်ဖိုးများကို ဖော်ပြထားသော အစီရင်ခံစာများ
Consumer Price Index - စားသုံးသူပစ္စည်းဈေးနှုန်း အခြေအနေများဆိုင်ရာ ညွှန်းကိန်းများ
Employment Report - ပြည်တွင်းအလုပ်သမား အလုပ်လက်မဲ့ဆိုင်ရာ တိုင်းတာအစီရင်ခံစာ
Interest rates - ဘဏ်တွေရဲ့ အမျိုးမျိုးသော ချေးငွေ နှုန်းထားများ
Yield Curve - အနာဂတ်အလားအလာအတွက် အတိုးနှုန်းဆိုင်ရာ ညွှန်းကိန်းအဖြစ် အသုံးပြုတတ်သော ညွှန်းကိန်းများ
Producer Price Index - ထုတ်လုပ်မှုဆိုင်ရာ တန်ဖိုး များညွှန်းကိန်း
Institute of Supply Management - ၄င်းမှ စီးပွားရေးဆိုင်ရာ ထုတ်ပြန်ကြေငြာစာတမ်းများ
Retail Sales - နိုင်ငံလုံးအတိုင်းအတာ လက်လီအရောင်းအဝယ်အခြေအနေ အစီရင်ခံစာ
Industrial Production Index - စက်မှုထုတ်လုပ်နိုင်စွမ်း ဆိုင်ရာညွှန်းကိန်း
Trade Balance - နိုင်ငံ ထုတ်ကုန်သွင်းကုန် ဆိုင်ရာ အခြေအနေစာတမ်း
Consumer Confidence Indexes - စားသုံးသူနိုင်ငံသားတွေရဲ့ စီးပွားရေးအခြေအနေပေါ် ရှုမြင် ခံစားပုံနှင့် အနာဂတ်အခြေအနေ ထင်မြင်ယူဆခြင်းဆိုင်ရာ ညွှန်းကိန်းများ
Housing reports - အိမ်ခြံမြေဆိုင်ရာ ညွှန်းကိန်းများ
တို့ဖြစ်ကြပါတယ်။

LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex

About Unknown

0 comments:

Post a Comment

Powered by Blogger.