Wave Analysis Part8
ဒီအပိုင်းမှာတော့ ကျွန်တော်တို့ တစ်ခု နှစ်ခုလောက် ခြုံပြောကြည့်ရအောင်။ နောက်ကြုံရင် ကြုံသလိုတော့ လေ့လာထားတာလေးတွေ ပြောပါ့မယ်။ ကျွန်တော်တို့ ဘာပဲ ပြောနေပြောနေ ကျွန်တော်တို့ လေ့လာနေတဲ့ အဓိက ဆိုလိုရင်း မပျောက်သွားဖို့ပဲ။ အရမ်းစိတ်ဝင်စားရင် wave တစ်ခုတည်းမှာတင် လေ့လာစရာတွေ အများကြီးပါ။ ကျွန်တော်တို့ ဆိုလိုရင်းက waveကို သုံးရင်း trendဖြစ်နေလား မဖြစ်နေဘူးလား corrective ဝင်နေသလား သိဖို့ပါပဲ။ wave အကြောင်းပြောလည်း သဘာဝတရားကတော့ အားလုံးတူတယ်။ ခန့်မှန်းတာ ဖြစ်တဲ့အတွက် အမြဲတမ်းတော့ မှန်နိင်မှာမဟုတ်ဘူး။ သိထားရမှာက လုပ်သင့်တာကို လုပ်ပြီး မလုပ်သင့်တာကို မလုပ်မိဖို့ပါပဲ။ ဒီ wave ကိုလေ့လာရင်လည်း အခြားအရာတွေလိုပဲ လှေနံဓါးထစ်မရှိပြန်ဘူး။ waveမှာ eliott wave analysis တစ်ခုပဲမဟုတ်ဘူး။ အဲဒါကြောင့် အမြဲ impulse waveက ၅ခု corrective က ၃ခုလို့ မပြောပါနဲ့။ အပြင်မှာ အဲတိုင်း ဖြစ်ချင်မှ ဖြစ်မှာ။ gartley pattern ဆိုတာတွေလည်း ရှိသေးတယ်။ trend တွေကွဲဖို့ပဲ။ trend တွေလား ဒါမှမဟုတ် ranging လားပေါ့။ နောက်တစ်ခုက trend မှာပဲဖြစ်ဖြစ် corrective မှာပဲ ဖြစ်ဖြစ် waveတစ်ပိုင်းအတွင်းထဲမှာကို နောက် waveတွေ ပေါ်နေတဲ့ကိစ္စ။ ဈေးဆိုတာ လူတွေရဲ့ moodပေါ်မူတည်ပြီး ဖြစ်ချင်သလိုတွေ ဖြစ်နေတာလေ။ အဲတော့ရှိနိင်တယ်။ waves within wavesပေါ့။ wave အကြီးကြီးတွေကို အခေါ်လှလှလေး grand super cycleပေါ့။ သူထက်သေးတာ super cycle ပြီးရင် cycle ပြီးရင် primary ထက်သေး ဟို အသေးသေးလေးတွေထိ subminutteဆိုပြီး သူ့အတွင်းက အတွင်း အဲလိုလေးတွေနဲ့ ခေါ်ထားတာတွေရှိတယ်။ ဒါကအခေါ်အဝေါ်တွေပါ။ ပြောပြချင်တာက ကိုကြုံနေတဲ့ အတက်အကျဖြစ်စဉ် wave အပိုင်းလေး တစိပိုင်းအတွင်းမှာကို သူ့အတွင်း waveလေးတွေ ထပ်ပြီး ဖြစ်နိင်မဖြစ်နိင်သုံးသပ်တတ်ဖို့။ အကုန်လုံးကို လိုက်ဂရုစိုက်နေစရာတော့ မလိုပါဘူး။ သူ့အတွင်းအသေးဆုံးလေး လှုပ်လို့ pointလေးအနည်းငယ်က အမြတ်လည်း ရှာလို့မရတဲ့ အခြေအနေတွေမှာဆိုရင် သူ့ဟာသူ ဘာဖြစ်ဖြစ် ခေါင်းရှုတ်ခံစရာမလိုပါ။ အမြတ်ရှာလို့ရတာမှမဟုတ်ဘဲ။ အဓိက က main ပင်မအပိုင်းကြီးသာလျှင် အရေးကြီးတယ်။ trend အပိုင်းမှာပဲ ဖြစ်ဖြစ် correctiveလုပ်နေတဲ့ အထဲမှာ ဖြစ်ဖြစ် ဥပမာ wave A ကို wave B ပြန် correction လုပ်နေတာကို ကြည့်ရင်တောင် တကြောင်းတည်း မလုပ်ပဲ waveလိုမျိုးလုပ်ရင်းသွားနေသလားပေါ့။ ဒါဆိုစဉ်းစားကြည့်ရအောင်။ wave A က များတယ်ဆိုရင် retraceပြန်လုပ်တဲ့ B လည်း သူ့ပမာဏနဲ့သူများရမယ်။ trend အရမ်း strongဖြစ်နေတာတို့ဆိုရင်တမျိုးပေါ့။ ဒါပေမယ့် wave A က pip အများကြီးသွားထားတယ်။ ဒါပေမယ့် waveB နဲနဲလေးနဲ့ ပြန်တတ်ရင် စဉ်းစားကြည့်။ သူ့တို့၂ခုဟာ match မဖြစ်ဘူး။ Aကို ကျော်တတ်မလားကြည့်။ မကျော်ပဲ ပြန်ဆင်းလာရင်တော့ သူ အတွင်း waveအနေနဲ့ သွားချင်တာဖြစ်မယ်ဆိုတာ စဉ်းစားလိုရတယ်။ ကြိုးစားပြီးပြောကြည့်ပေးပါမယ်။ wave က ဒါ elliott wave analysisပါ။ တခြားလည်း အများကြီးရှိပါတယ်။ ဒီတစ်ခုတည်းကို လေ့လာရင်တောင် များလွန်းတယ်။ ကြိုကြားကြိုကြားတော့ ကြုံသလို caseတွေတွေ့ရင် ရေးတင်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် waveကို လေ့လာဖို့ လမ်းစလေး ရသွားဖို့နဲ့ အရာရာကို logic ကျကျ စဉ်းစားဖို့က လိုရင်းပါ။ အဲတော့ waveကိုလေ့လာတယ်ဆိုတာ pattern ကိုလေ့လာတာလည်းဖြစ်တယ်။ pattern မှာ fibo ကို လိုက်နာတဲ့ တနည်းအားဖြင့် သုံးလို့ အဆင်ပြေတဲ့ ဒီanalysis လည်း ရှိသလို အခြားလည်း ရှိပါေးသးတယ်။ သူတို့က ratio ကို သူတို့ wave အချင်းချင်း အချိုးချပြီး သွားတဲ့ pattern တွေလည်းရှိပါတယ်။ တကယ်တော့ အားလုံဟာ ခန့်မှန်းချက်တွေပါပဲ။ ဒီelliott wave analysisကတော့ သဘာဝတရားနဲ့ ပေါင်းစပ်ပြီး ဖြစ်နိင်ခြေ probability ကိုခန့်မှန်းတာပါ။ ဘယ်လိုပဲစဉ်းစား စဉ်းစား တကယ့်အခြေအနေ လက်ရှိအခြေအနေကို မျက်ခြေမပျက်မိဖို့လိုတယ်။ အားလုံးကို ပေါင်းစပ်တတ်မှ ခန့်မှန်းတဲ့နေရာမှာ ပိုပြီးအဆင်ပြေလာနိင်မှာပါ။
LEARN = EARN
KNOWLEDGE = MONEY
WILL INSTITUTE
(forex school)
www.facebook.com/willinstituteforex
0 comments:
Post a Comment